July 2023

ကျပ်၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမယ်လို့ စစ်ကောင်စီ ကြေညာ

မော်လမြိုင်- ဇူလိုင်(၂၃) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဗဟိုဘဏ်က “နှစ်သောင်းကျပ်တန်” ငွေစက္ကူ အမျိုးအစားအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမယ်လို့ ဝါဒဖြန့် MRTV သတင်းကနေ ဒီနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။ စစ်ခေါင်းဆောင် ဦးစီးတည်ဆောက်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရတနာ”ရဋ္ဌနန္ဒက”ရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေနဲ့…

ကျောက်တံခါးဒေသခံ ၃ ဦးသတ်ဖြတ်ခံရပြီး ၅၀၀၀ ကျော် ထွက်ပြေးနေရ

ကျောက်တံခါး၊ ဇူလိုင်(၂၃) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်သွားခဲ့သလို ပြည်သူလူထု ၅၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန် ပါ တယ်။ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၀၁)အနီး စစ်ကောင်စီအထိုင်ချရာ KTV ကို…

စစ်ကောင်စီ ငြိမ်းချမ်းရေးညီလာခံ မြောက်ပိုင်း EAO သုံးဖွဲ့ တက်ရောက်မည်မဟုတ်

နေပြည်တော်၊ ဇူလိုင်(၂၃) အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း EAO သုံးဖွဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ”…

အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီပြော

နေပြည်တော်၊ ဇူလိုင်(၂၃) အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေအနေနဲ့ မှတ်ပုံမတင်ပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အပြင် ငွေ ဒဏ် ၅ သိန်းပါ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချနေတဲ့ လုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ)…

ဘီးလင်းမြို့နယ်ထဲ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

ဘီးလင်း၊ ဇူလိုင်(၂၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရင်းတွေကနေ နေ့ရောညပါ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းနဲ့သထုံမြို့နယ် အခြေစိုက်စစ်ကောင်စီ အမှတ်(၂၀၆) အမြောက်တပ်၊ ခြေမြန်တပ်ရင်း ခမရ (၉) ၊ အမှတ်(၃၁၄) အမြောက်တပ်တို့ဟာ ဇူလိုင်…

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဌာနအရာရှိတစ်ဦး ပစ်သတ်ခံရပြီးသေဆုံး

လောင်းလုံး၊ ဇူလိုင်(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးဦးသိန်းဦးဟာ ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အသက် ၅၃ နှစ်အရွယ် စိုက်ပျိုးရေးအရာရှိ ဦးသိန်းဦးဟာ စိုက်ပျိုးရေးရုံးဝင်းအတွင်း မိသားစုနဲ့အတူ ရှိနေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နေအိမ်ခြံအနောက်ဘက်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့်…

ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန် – ဇူလိုင်(၂၂) မြန်မာ့ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ရိုက်ကူးချိန်မှာ ရိုက်ကူးရေးမစတင်ခင် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို လာမယ် ဩဂုတ်လ(၁) ရက်နေ့ကစပြီး ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက ဇူလိုင်လ (၂၁)ရက်နေ့ကသတင်း ထုတ်ပြန်ထားပါတယ်။ ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေက ရိုက်ကူးမယ့် မြန်မာဇာတ်လမ်းတွဲတွေမှာ ခွင့်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုထားတာပါ။ “အရင်ကတော့ ရုပ်ရှင်ကားကြီးပဲ ဇာတ်လမ်းတင်ရတာ၊…

“ကားမှောက်တယ်ဆိုတဲ့ အကြောင်းပြချက်က ဟုတ်မနေဘူး။ အပြင်ခေါ်ထုတ်ပြီး အပြင်မှာ သတ်လိုက်တယ်လို့ပဲ ပြောရမှာပေါ့”

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ထပ်မံသေဆုံးသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ အခုဖြစ်စဉ်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေအနေနဲ့ မြန်မာအာဏာလု စစ်တပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်…