July 2023

ရုရှားသိမ်းယူထားတဲ့ နယ်မြေ(၅၀) ရာခိုင်နှုန်းကို ယူကရိန်ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ဆို

ဝါရှင်တန် – ဇူလိုင်(၂၅) ရုရှားနိုင်ငံက ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတစ်ဝက်ကို ယူကရိန်းက ပြန်လည်သိမ်းယူ နိုင်ခဲ့ပြီး ကိဗ်ယက်ဟာအောင်မြင်မှုတွေပြန်ရဖို့ အလွန်ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ကနဦးအနေနဲ့ (၅၀) ရာခိုင်နှုန်းလောက် ကိုပြန်လည်သိမ်းယူနေပါပြီလို့ ပြောခဲ့တာပါ။ “ဒါဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်းကာလတွေပဲ…

“ရဲတပ်ဖွဲ့လုပ်ငန်းတွေပျောက်ပြီး ရဲတပ်ဖွဲ့က နောက်ဆုံးစစ်တပ်အတိုင်းပဲဖြစ်သွားလိမ့်မယ်” CDM ရဲတပ်ကြပ်ကြီး/သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း

သံလွင်တိုင်းမ်။ ။ အရင်ဆုံး အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ် ၃ ဦးအထိ အပြောင်းအလဲ လုပ်ထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ်(၃)ဦး ပြောင်းတာ ဒါက အထူးဆန်းမဟုတ်ပါဘူး။ တခြားနေရာကို တာဝန်ပေးလို့ ရဲချုပ်အပြောင်းအလဲ ဒါမှမဟုတ် အရမ်းကြီး အားမရလို့ လုပ်တာတွေ အားမရလို့ ပြောင်းတာလည်း ရှိပါတယ်။ သံလွင်တိုင်းမ်။ ။ အခုရဲချုပ်အဖြစ် ခန့်အပ်ခံရတဲ့…

ဥတ္တံတားကျေးရွာမှာ စစ်ကောင်စီနယ်ထိန်းရဲ အပါအဝင် (၂) ဦးပစ်သတ်ခံရ

ပေါင် – ဇူလိုင်(၂၃) မွန်ပြည်နယ်၊ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးစားသောက်ဆိုင် မှာ ဥတ္တံတား ကျေးရွာနယ်ထိန်းရဲအပါအဝင် (၂) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၂) ရက်နေ့ ညနေပိုင်းမှာ ဇင်းကျိုက်နယ်မြေရဲစခန်းအပိုင် ဥတ္တံတား ကျေးရွာနယ်ထိန်းရဲ ဖြိုးဇော်အောင်အပြင် ကိုစည်သူ တို့နှစ်ဦးဟာကျော်ကြီးစားသောက် ဆိုင်မှာ ထိုင်နေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ “တစ်ယောက်က…

တရားမဝင် ကိုယ်တွင်းအင်္ဂါရောင်းချဖို့ လူကုန်ကူးသူ ၁၂ ဦးကို အင်ဒိုနီးရှားဖမ်းဆီး

ဂျာကာတာ၊ ဇူလိုင်(၂၃) ကျောက်ကပ်တွေရောင်းချဖို့ ကမ္ဘောဒီးယားနိုင်ငံကို လူပေါင်း ၁၂၂ ဦးကို လူကုန်ကူးခဲ့တဲ့ ရဲနဲ့လဝက အရာရှိ အပါအဝင်လူ ၁၂ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်(၂၁)ရက်နေ့က ပြောကြားခဲ့ ပါတယ်။ အဲဒီသံသယတရားခံတွေကို အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှုကားကွယ်တားဆီးရေး ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်တင် စစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်နဲ့…

ဘီလာရုစ်နိုင်ငံအပေါ် ပိုလန်ရဲ့ ရန်လိုမှုတွေဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ပူတင်ပြော

မော်စကို – ဇူလိုင်(၂၃) နေတိုးမဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းထားချက်တွေ ရှိနေ တယ်လို့ ပူတင်က စွပ်စွဲခဲ့ပြီး ရုရှားအနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ကို ရန်စမှုမှန်သမျှဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။ ရုရှားအနေနဲ့ ဘီဘာရုစ်အပေါ် ရန်လိုမှုမှန်သမျှကို တက်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်သွား မှာဖြစ်တယ်လို့ ပူတင်က လုံခြုံရေးကောင်စီ အစည်းအဝေး ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့တာ ပါ။…

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ်ရောင်းချ ဖို့ ပြင်ဆင်နေ

နယူးဒေလီ – ဇူလိုင်(၂၃) အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ် ဓာတ်အား ကူးသန်းရောင်ချဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး နယူးဒေလီ အစိုးရဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချကာ ဒေသတွင်း သံသမန်ဆက်ဆံရေးမြှင့်တင်ဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အဲဒီချိတ်ဆက်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ (၄)နှစ်အထိ အချိန်ယူဖို့ရှိနေပြီး UAE…

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ဝင် ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီဝါဒဖြန့်

ကျိုက်ထို၊ ဇူလိုင်(၂၃) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင် အားစု KRF အဖွဲ့ဝင် ၃ ဦး ဖမ်းမိထားတယ်လို့ စစ်ကောင်စီ တယ်လီဂရမ်တွေကနေ ဇူလိုင် ၂၂ ရက်နေ့မှာ ဝါဒဖြန့်ထုတ်ပြန်ပါတယ်။ KRF အဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုပြည်စုံမောင်မောင်၊ ကိုအာဏာပိုင်စိုးနဲ့ ကိုဧပရယ်ဟိန်းတို့ ၃ ဦးကို ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ ဇူလိုင် ၆…