နယူးဒေလီ၊ ဇူလိုင်(၂၆) 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ဥထရာပရာဒ့ချ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာ ၇၄ ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပါတယ်။ 

မူဆလင်ရိုဟင်ဂျာလူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တွေဟာ ပြည်နယ်ရှိ မြို့နယ် ၆ ခုမှာ ထိန်းသိမ်းခံ ထားရပြီး ဒုက္ခ သည်တွေထဲက ၁၀ ဦး မှာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် ထွက်ပြေးလာသူ တွေဖြစ်ပြီး အဲဒီဧရိယာအတွင်း ၁၀ နှစ်ကျော်နေထိုင်သူတွေ ဖြစ်တယ်လို့ Rohingya Human Rights Initiative campaign အဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ဒုက္ခသည်အများစုဟာ အမှိုက်ကောက်တာအပါအဝင် လက်လုပ်လက်စား အလုပ်တွေနဲ့ နေထိုင်လုပ်ကိုင်နေ ကြရတာပါ။ 

မြန်မာစစ်တပ်မှ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေပြုလုပ်ပြီး နောက်ပိုင်းမှာ ထောင်နှင့်ချီတဲ့ ရိုဟင်ဂျာလူမျိုးတွေက ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနယ်စပ်တွေသို့ ဝင်ရောက်ကာ ခိုလှုံလျှက်ရှိနေပါ တယ်။ 

အိန္ဒိယနိုင်ငံမှာတော့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် သတ်မှတ်ပြဌာန်းတဲ့ ၁၉၅၁ ကုလ ဒုက္ခသည်ပဋိဉာဉ်ကို နယူးဒေလီအစိုးရမှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို ဒုက္ခ သည်တွေကို ကာကွယ်ဖို့ ဥပဒေတွေကိုလည်း သတ်မှတ်ပြဌာန်းထားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရိုဟင်ဂျာလူမျိုး ၁၈၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက် နေထိုင်လျှက် ရှိကြောင်း Rohingya Human Rights Initiative campaign က ထုတ်ပြန်ထားပါ သေးတယ်။

 Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.