ဘာမာကို – ဇူလိုင်(၂၆)

အနောက်အာဖရိကနိုင်ငံတွေမှာ ရုရှားရဲ့ ဝဂ်နာအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကူညီဆောင်ရွက်ပေး တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် မာလီအရာရှိ(၃) ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဝဂ်နာအဖွဲ့တွေနဲ့ မာလီးယမ်းအသွင်ကူးပြောင်းရေးအစိုးရကြား သဘောတူညီချက်ကို ခိုင်မာစေ ဖို့ မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာက ၂၀၂၁ ခုနှစ်မှာ ရုရှားနိုင်ငံကို အကြိမ်ပေါင်း များစွာ ခရီးစဉ်တွေ ပြုလုပ်ခဲ့တယ်လို့ဆိုကာ အမေရိကန် ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူမှု တွေ ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပိိတ်ဆို့အရေးယူမှုတွေဟာ မာလီလေတပ်ဦးစီးချုပ်နဲ့ မာလီဂယမ်း လေတပ်ဒုတိယ စစ်ဦးချုပ်တို့လည်း ပစ်မှတ်ထားတယ်လို့ သိရပါတယ်။ 

“ဒီအရာရှိတွေက သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် အရင်းအမြစ်တွေကို အသုံးချပြီး ယူကရိန်းမှာ ဝဂ်နာအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အကျိုးရှိအောင် လမ်းခင်းပေးထားပြီး ထိုအဖွဲ့ရဲ့ မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူတို့ပြည်သူတွေအား ထိခိုက်နစ်နာစေတယ်” လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး လက်ထောက် ဘဏ္ဍာရေးဝန်ကြီး ဘရီယန်နဲလ်ဆန်က ပြောခဲ့ပါတယ်။

မာလီရဲ့ အသွင်ကူးပြောင်းရေးအစိုးရက အမေရိကန်ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ရပ်တန့်စေပြီး ယေဘုယျအားဖြင့် အမေရိကန်တွေကို သူတို့ရဲ့ ဆက်ဆံမပြုလုပ်ဖို့ တားမြစ်ထားတဲ့ အဲဒီ ပိတ်ဆို့အရေးယူမှုအပေါ် မှတ်ချက်ပေးဖို့ တောင်းခံခဲ့ပေမယ့် တုံ့ပြန်တာတော့ မရှိခဲ့ပါဘူး။ 

ရုရှားတိုက်ခိုက်ရေးသမားတွေဟာ ကြေးစားတပ်သားတွေမဟုတ်ပေမယ့် အစ္စလာမ္မစ်စစ်သွေး ကြွတွေရဲ့ ဆယ်စုနှစ်ကြာ သောင်းကျန်းမှုကို တိုက်ဖျက်ရာမှဦ ပြည်တွင်းတပ်တွေကို ကူညီပေး နေတဲ့ သင်တန်းဆရာတွေဖြစ်တယ်လို့ ရုရှားနဲ့ မာလီတို့ကပြောခဲ့ပါတယ်။ 

ဝဂ်နာအဖွဲ့ကို မာလီကိုခေါ်ဆောင်လာပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာရှိတဲ့ အဖွဲ့ ခေါင်းဆောင်နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်ကိုဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ် တယ်လို့ ကန်ဘဏ္ဍာရေးဝန်ကြီးက စွပ်စွဲထားပါတယ်။ 

လေတပ်ဒုတိယ စစ်ဦးစီးချုပ်က ဘာကာယိုဂိုဟာ အသွင်ကူးပြောင်းရေးအစိုးရအတွက် နိုင်ငံ အတွင်း တပ်ဖွဲ့တွေဖြန့်ကျက်မှု လုံခြုံစေဖို့ ကြိုးပမ်းမှုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး မာလီမှာ ဝဂ်နာ အဖွဲ့ရဲ့ ရွှေတူးဖော်ခွင်အတွက် လွယ်ကူချောမွေ့စေဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန် ကြီးက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ မေလက ဘာကီနာဖာဆိုမြို့ရဲ့ ယာယီခေါင်းဆောင် အင်မ်ဘရာဟင် တာရာအိုရီက ဝဂ်နာအဖွဲ့တွေ နိုင်ငံအတွင်းမှာ မရှိဘူးလို့ ငြင်းဆိုခဲ့တယ်လို့ ဆိုခဲ့ပြီး အဲဒီမှတ်ချက်ဟာ ဂါနာ သမ္မတရဲ့ ဘာကီနာဖာဆိုက ကြေးစားသမားတွေကို ငှားရမ်းခဲ့တယ်လို့ စွပ်စွဲအပြီးမှာ ပြောခဲ့တာပါ။

ဝဂ်နာအဖွဲ့ဟာ လစ်ဗျား၊ဆီးရီးယား၊အလယ်အာဖရိကသမ္မတနိုင်ငံ၊ မာလီနဲ့ တခြားနိုင်ငံတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ယူကရိန်းမှာလည်း (၁၆)လကြာ စစ်ပွဲအတွင်း သွေးထွက်သံယို အပြင်းထန်ဆုံးတိုက်ပွဲတွေကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းယူပြီးနောက် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသားတွေကို စတင်ထောက်ပံ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မာလီခေါင်းဆောင်တွဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းယူခဲ့ကြကာ ပြင်သစ်စစ်တပ်ကို နိုင်ငံ အတွင်းက ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး ဝဂ်နာအဖွဲ့ကိုခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကတော့ ဝဂ်နာအဖွဲ့ကို အရင်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့သလို ပြီးခဲ့တဲ့နှစ်က ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း ပိတ်ဆို့အရေးယူမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ဝဂ်နာအဖွဲ့ရဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုတွေကိုလည်း အကြိမ်ကြိမ်သတိပေးခဲ့တယ် လို့ သိရပါတယ်။ 

ဝဂ်နာအဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်းတွေရယူဖို့ သူတို့ရဲ့ ကြိမ်းပမ်းအားထုတ်မှုတွေ ဖုံးကွယ်ဖို့ မာလီနဲ့ တခြားနိုင်ငံတွေကတဆင့် လုပ်ဆောင်နေတယ်လို့ ဝါရှင်တန်က ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.