မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ “ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများအားလုံး စစ်တပ်၏ သာသနာရေးဝန်ကြီးဌာနတွင် လိုင်စင်ပြုလုပ်ရန် ထုတ်ပြန်စာထုတ်“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဇူလိုင်လ(၂၅)ရက်နေ့မှာ ဖေ့ဘုတ်လူမှုကွန်ရက်အွန်လိုင်းမှာ ရေးသားဖြန့်ဝေနေကြတာပါ။

ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေတဲ့အဆိုပါ ဗေဒင်နှင့်အကြားအမြင်ဟောစာတမ်းထုတ်ပြန်စာမှာ အတုဖြစ်ကြောင်း စစ်ကောင်စီသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကဇူလိုင်လ (၂၅)ရက်က သတင်းထုတ်ပြန်ထားသလို စာအတုဖြစ်ကြောင်း မီဒီယာအချို့မှာလည်း ဖော်ပြကြပါတယ်။

အဆိုပါ ထုတ်ပြန်စာအတုမှာ ဗေဒင်နဲ့တားရော့နှင့် အခြားကံကြမ္မာဆိုင်ရာ အကြားအမြင်ဟောစာတမ်းထုတ်သူအားလုံးသည် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနတွင် ဗေဒင်နှင့် အကြားအမြင် ဟောတမ်းထုတ်ခွင့်လိုင်စင်တင်ရန်နဲ့ လိုင်စင်မရှိပါက သာသနာပိုင်အက်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက စာအတုဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ သတင်းလင့်

https://shorturl.at/oGRV3

Dawei watch သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/fCTU4

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေကြတဲ့ “ဗေဒင်နှင့် အကြားအမြင် ဟောစာတမ်းထုတ်သူများအားလုံး စစ်တပ်၏ သာသနာရေးဝန်ကြီးဌာနတွင် လိုင်စင်ပြုလုပ်ရန် ထုတ်ပြန်စာထုတ်” ဆိုတဲ့အကြောင်းမှာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.