ဖနွမ်းပင် – ဇူလိုင်(၂၆) 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် လိုအပ် တဲ့မဲအရေအတွက် မရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ဖိထာရဲ့အခြေအနေကို ဥပမာ ပေးပြီး သူ့နိုင်ငံအတွင်းက အတိုက်အခံခေါင်းဆောင်တွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ 

အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်က ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ပေမယ့် Move Forward Party နဲ့ ဖိထာအနေနဲ့ အစိုးရအသစ်တစ်ရပ်ဖွဲ့နိုင်ရင်လည်း အတူလက်တွဲ လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ 

MFP ပါတီက ရွှေ့ပြောင်းလုပ်သားတွေ အိမ်နီးချင်းနိုင်ငံတွေကို ပြန်တော်ပြန်ရေး မူဝါဒ တစ်ရပ် ထားရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မှားယွင်းစွာဝေဖန်ပြီးနောက် ဒီမှတ်ချက်ထွက်ပေါ် လာတာပါ။ 

“ထိုင်းဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တဲ့ ဖိထာရဲ့ ရှုံးနိမ့်မှုဟာ ကမ္ဘောဒီး ယားမှာရှိတဲ့ (တိရစ္ဆာန်ကဲ့သို့) ကြမ်းတမ်းတဲ့ အတိုက်အခံတွေအတွက် ကြီးမားတဲ့ ရှုံးနိမ့်မှုဖြစ်ပါ တယ်” လို့ ဟွန်ဆန်ရဲ့ တွစ်တာ အကောင့်မှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် “ကျွန်ုပ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမဟုတ်ပါ။ ကျွန်ုပ် အတိတ်မှာ ထောက်ပြခဲ့သလိုမျိုး ဒီ သစ္စာဖောက်တွေဟာ ဖိထာ ထိုင်းဝန်ကြီးချုပ်ဖြစ် လာမှာကို မျှော်လင့်ခဲ့ကြသလို ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ဆန့်ကျင်တဲ့ လှုံ့ဆော်မှုတွေ အတွက် ထိုင်းနယ်စပ်ကို အသုံးချမှာပါ။ အခုမှာတော့ ဒီရိုင်းစိုင်းတဲ့ အတိုက်အခံ တွေရဲ့ မျှော် လင့်ချက်က ရေထဲမှာ ဆားပျော်သွားသလို ပျောက်ကွယ်သွားပါပြီး။ ဒါကြောင့်မို့ အခြားသော တစ်ဦးတစ်ယောက်ကို အမှီအခိုပြုရတဲ့ နိုင်ငံရေးထဲမှာ မပါဝင်မိကြပါနှင့်” လို့ ပြောပါသေး တယ်။ 

Move Forward ပါတီအစိုးရဖွဲ့နိုင်ခဲ့ပါက ထိုင်းနိုင်ငံတခြားနိုင်ငံတွေရဲ့ နိုင်ငံရေးအတိုက်အခံတွေ ကို ပြည်နှင်ဒဏ်ပို့ဖို့ မလိုလားတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ဟွန်ဆန်ရဲ့ မှတ်ချက်ထွက်ပေါ် လာတာဖြစ်ပါတယ်။ 

ဒီလအတွင်းမှာလည်း ကမ္ဘောဒီးယား  Candlelight ပါတီရဲ့ အတိုက်အခံအဖွဲ့ဝင်တစ်ဦးကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့ပြီး လဝက အချုပ်ထောင်ကို ပို့လိုက်ကာ လက်ရှိအချိန်ထိ အဲဒီ ပုဂ္ဂိုလ်ရဲ့ သတင်းအစအနမသိရသေးပါဘူး။ 

“ကျွန်ုပ်အနေဖြင့် မစ္စတာ ဖိထာ ကို ဆန့်ကျင်လို၍မဟုတ်ပဲ မစ္စတာ ဖိထာ ဦးဆောင်မယ့် အစိုးရ နှင့်လည်း အလုပ်လက်တွဲ လုပ်ကိုင်ဖို့ အဆင်သင့် ရှိပါတယ်။ ကျွန်ုပ်အနေနဲ့ ထိုင်းနိုင်ငံသားများ ၏ ဆုံးဖြတ်ချက်ကို လေးစားသလို ထိုင်းပြည်တွင်ရေးကို ဝင်ရောက် စွက်ဖက်မည်မဟုတ်ပါ။ ကျွန်ုပ်အနေနဲ့ ထိုင်းရဲ့ ခေါင်းဆောင်များဟာ ဘယ်သူဖြစ်ဖြစ် ဘယ်ပါတီဖြစ်ဖြစ် အလုပ်အတူ လုပ်ဖို့ အဆင်သင့်ရှိပါတယ်” လို့ ဟွန်ဆန်က နောက်ဆက်တွဲအဖြစ်ထပ်မံရေးသားထားပါတယ်။ 

အခုလိုနောက်ဆက်တွဲ ရေးသားထားတဲ့ တွစ်တာ ပိုစ့်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ခမာ အစွန်းရောက်တွေဟာ ထိုင်းနယ်စပ်နဲ့ ဖိထာရဲ့ နာမည်ကို အသုံးချပြီး ကမ္ဘောဒီးယားကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသလို အဲဒီလုပ်ဆောင်ချက်ကို ရပ်တန့်သင့်ကြောင်း နဲ့ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးမယ့် လူတွေကို ဘယ်သူကမှ မှီခိုအားထားမှာမဟုတ်ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

ဟွန်ဆန်ဟာ ဇူလိုင်လ(၂၃) ရက်နေ့မှာ ရွေးကောက်ပွဲတစ်ရပ်ကို ကြုံတွေ့ရမှာဖြစ်ပေမယ့် အစိုးရ ရွေးကော်ဟာ နိုင်ငံရေးအတိုက်အခံပါတီတွေကို အစောပိုင်းတည်းက ပိတ်ပင်ထားသလို ရုံးတော် ကလည်း အဲဒီအစီအစည်ကို အတည်ပြုပေးထားခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားရုံးတော်က Cambodia National Rescue ပါတီကို ဖျက်သိမ်းပြီးနောက်ပိုင်း ဟွန်ဆန်ရဲ့ Cambodian People Party (CPP) ဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲကစပြီး နေရာတိုင်းမှာ အနိုင်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.