July 25, 2023

အိန္ဒိယမြောက်ပိုင်းပြည်နယ်တစ်ခုမှာ ရိုဟင်ဂျာလူမျိုး ၇၄ဦး ဖမ်းဆီးခံရ

နယူးဒေလီ၊ ဇူလိုင်(၂၆) အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ဥထရာပရာဒ့ချ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာ ၇၄ ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပါတယ်။ မူဆလင်ရိုဟင်ဂျာလူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တွေဟာ ပြည်နယ်ရှိ မြို့နယ် ၆ ခုမှာ ထိန်းသိမ်းခံ ထားရပြီး ဒုက္ခ သည်တွေထဲက ၁၀ ဦး မှာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံအတွင်းမှာ…

ဝဂ်နာအဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ မာလီအရာရှိတွေ ပိတ်ဆို့အရေးယူခံရ

ဘာမာကို – ဇူလိုင်(၂၆) အနောက်အာဖရိကနိုင်ငံတွေမှာ ရုရှားရဲ့ ဝဂ်နာအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကူညီဆောင်ရွက်ပေး တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် မာလီအရာရှိ(၃) ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဝဂ်နာအဖွဲ့တွေနဲ့ မာလီးယမ်းအသွင်ကူးပြောင်းရေးအစိုးရကြား သဘောတူညီချက်ကို ခိုင်မာစေ ဖို့ မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာက ၂၀၂၁ ခုနှစ်မှာ ရုရှားနိုင်ငံကို အကြိမ်ပေါင်း…

ထိုင်းရွေးကောက်ပွဲကို ဥပမာပေးပြီး အတိုက်အခံတွေကို ဟွန်ဆန် ဖိနှိပ်ပြောဆို

ဖနွမ်းပင် – ဇူလိုင်(၂၆) ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် လိုအပ် တဲ့မဲအရေအတွက် မရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ဖိထာရဲ့အခြေအနေကို ဥပမာ ပေးပြီး သူ့နိုင်ငံအတွင်းက အတိုက်အခံခေါင်းဆောင်တွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်က ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ပေမယ့် Move Forward Party နဲ့ ဖိထာအနေနဲ့ အစိုးရအသစ်တစ်ရပ်ဖွဲ့နိုင်ရင်လည်း အတူလက်တွဲ…

ရန်ကုန်-မန္တလေး ကုန်တင်ရထားတွဲ (၅) တွဲတိမ်းမှောက်

ရန်ကုန် – ဇူလိုင်(၂၅) မန္တလေးတိုင်း မြစ်ငယ်က ရန်ကုန်တိုင်း ရွာသာကြီး ခရီးစဉ်ထွက်ခွာမယ့် ကုန်တင်ရထားတစီးဟာ ပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာကြားမှာ လမ်းချော်တိမ်းမှောက်သွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၃) ရက်နေ့ညပိုင်းက မြစ်ငယ်ဘူတာကနေ ရွာသာကြီး ဘူတာကို ထွက်ခွာလာတဲ့ အမှတ်(၉၂၄) အစုန်ရထားဟာ မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) မှာ တိမ်းမှောက်ခဲ့တာပါ။ ရထားတိမ်းမှောက်မှုနဲ့…

PDF ကို ငွေလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်စိန်ထောင်ညွှန်ကြားရေးမှူး ရာထူးကဖြုတ်ချခံရ

ရန်ကုန် – ဇူလိုင်(၂၅) ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ PDF ရဲဘော်တွေကို ငွေလှူဒါန်းခဲ့တဲ့ အတွက်ဆိုကာ အင်းစိန်ထောင်ညွှန်ကြားရေးမှူး ဦးဇော်မင်း ရာထူးကဖြုတ်ချခံထားရပြီး အရေးယူခံထား ရတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်က ထောင်ဝန်ထမ်းတွေဆီက ငွေစုပြီး PDF ရဲဘော်တွေကို ငွေကျပ်(၁၁) သိန်းလှူဒါန်းပေးခဲ့တဲ့အတွက် အရေးယူခံထားရတာဖြစ်တယ်လို့သိရပြီး ငွေလှူဒါန်းခဲ့တဲ့ ထောင်ဝန်ထမ်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့…

ဗေဒင်ဆရာတွေ ဗေဒင်ဟောခွင့်အတွက် လိုင်စင်လုပ်ရန် ညွှန်ကြားချက်အတုထွက် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများအားလုံး စစ်တပ်၏ သာသနာရေးဝန်ကြီးဌာနတွင် လိုင်စင်ပြုလုပ်ရန် ထုတ်ပြန်စာထုတ်“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဇူလိုင်လ(၂၅)ရက်နေ့မှာ…

ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ ယာဒိုဒေသစစ်ရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ

သံတောင်ကြီး၊ ဇူလိုင်(၂၅) တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ယာဒိုဒေသအတွင်းရှိ ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ယာဒိုကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁)ရက်နေ့ကစပြီး KNLA တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား…

လောင်းလုံးက စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒေသ PDF ဝင်ရောက်စီးနင်း

လောင်းလုံး၊ ဇူလိုင်(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်ပါတယ်။ ကျောက်နီမော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေ ဆက်ကြေးကောက်နေတဲ့ ရဲချောင်းကင်းစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စခန်းဝင်ရောက်စီးနင်းစဉ် ကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ကိုထွန်းဝါနဲ့…