သံလွင်တိုင်းမ်။  ။ အရင်ဆုံး အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ် ၃ ဦးအထိ အပြောင်းအလဲ လုပ်ထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။  ။အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ်(၃)ဦး ပြောင်းတာ ဒါက အထူးဆန်းမဟုတ်ပါဘူး။ တခြားနေရာကို တာဝန်ပေးလို့ ရဲချုပ်အပြောင်းအလဲ ဒါမှမဟုတ် အရမ်းကြီး အားမရလို့ လုပ်တာတွေ အားမရလို့ ပြောင်းတာလည်း ရှိပါတယ်။ 

သံလွင်တိုင်းမ်။  ။ အခုရဲချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဘယ်လိုလူမျိုးလဲ။

ဖြေ။  ။အခုရဲချုပ်ခန့်အပ်သူကတော့ တပ်ထဲမှာ ကြမ်းတယ်လို့ နာမည်ထွက်တာပေါ့။ ပြည်သူ့မျက်နှာမကြည့်ဘူး။ တာဝန်ပေးတယ်ဆိုတည်းက တသွေးတသံတမိန့်နဲ့ သူလုပ်တော့မယ်။ ပြီးတော့ ရက်စက်ပြတော့မယ်ဆိုတဲ့ သဘောပေါ့။ တပ်ကလည်း အင်အားတွေချိနဲ့လာတဲ့ အချိန်မှာ ရဲတပ်ဖွဲ့အင်အားတွေကို ရှေ့တန်းကို ပိုပြီးမှ ပို့လာမယ်လို့ ကျွန်တော်သုံးသပ်မိတာပေါ့။ 

 သံလွင်တိုင်းမ်။   ။ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ရဲချုပ်ဖြစ်လာတဲ့အခါ ရဲတပ်ဖွဲ့မှာ ဘာတွေ ဖြစ်လာနိုင်မလဲ။ သုံးသပ်ပေးပါဦး။ 

ဖြေ။  ။ ရဲတပ်ဖွဲ့ဆိုတာလည်း အရင်တည်းက တပ်ရဲ့ အင်အားထဲရှိတာလေ။ ရဲတပ်ဖွဲ့မှာ ရဲမှူးလောက် မြို့နယ်မှူးလောက် အဆင့်ဆို တပ်တွေထဲက  အသွင်ပြောင်းအုပ်ချုပ်ဖို့ ယူနီဖောင်းပြောင်း လိုက်ပြီ။ ကျွန်တော်ဆိုရင် နှစ်ပေါင်း(၂)၀တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ အခြေအနေအားလုံးကို သိတာပေါ့။ 

သံလွင်တိုင်းမ်။   ။ ရဲတွေဟာ တကယ်တော့ လုံခြုံရေး တာဝန်ပဲရှိတာပါ။အခုက ကာကွယ်ရေးပါ တာဝန်ယူရမယ့် သဘောဖြစ်နေတယ် ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။ 

ဖြေ။   ။ အာဏာသိမ်းပြီး ပိုဆိုးတယ်။ တပ်ထဲက တပ်ကြပ်ကြီးအဆင့်လောက်ကို ဒုရဲအုပ်ရာထူးပေးပြီး အုပ်ချုပ်စေတာပေါ့။ အခုလက်ရှိ အခြေအနေမှာပေါ့။ ရဲတပ်ဖွဲ့ရဲ့ အဓိက တာဝန်မှာတော့ ပြည်သူ့လုံခြုံရေးတာဝန်ပါပဲ။အခုက ရဲတပ်ဖွဲ့က  ကာကွယ်ရေး‌ရော တိုက်ခိုက်ရေးပါ လုပ်နေရတာပေါ့ အဲ့ဒါကြည့်ခြင်းအားဖြင့် တပ်အင်အား နည်းပါးလာတာကိုလည်း ကျွန်တော်သုံးသပ်ရတာပေါ့။ 

သံလွင်တိုင်းမ်။    ။နောက်ဆုံးအနေနဲ့ တပ်ကလာတဲ့ ဗိုလ်ချုပ်ကြီးကို ရဲချုပ်အဖြစ် တိုက်ရိုက်ခန့်တယ်ဆိုတော့ ရဲတပ်ဖွဲ့ရဲ အခြေအနေက ဘာဖြစ်နေပြီလဲ။

ဖြေ။  ။ ပုံမှန်ဆိုရင် ရဲချုပ်နေရာကို ဒုရဲချုပ် ရာထူးတိုးပြီးတော့ တာဝန်ပေးအပ်မှာပေါ့ဒါပေ မယ့် ဗိုလ်ချုပ်ကြီးကို  တိုက်ရိုက်ခန့်တယ်ဆိုတော့ စစ်တပ်အတိုင်းပဲဆက်သွားလိမ့်မယ်။ တာဝန် ကလည်းကွဲပြားမယ်။   ကြာရင် ရဲတပ်ဖွဲ့လုပ်ငန်းတွေက ပျောက်သွားလိမ့်မယ်။ ရဲတပ်ဖွဲ့ဆိုတာ နောက်ဆုံးစစ်တပ်အတိုင်းပဲ ဖြစ်သွားလိမ့်မယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.