ဝါရှင်တန် – ဇူလိုင်(၂၅) 

ရုရှားနိုင်ငံက ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတစ်ဝက်ကို ယူကရိန်းက ပြန်လည်သိမ်းယူ နိုင်ခဲ့ပြီး ကိဗ်ယက်ဟာအောင်မြင်မှုတွေပြန်ရဖို့ အလွန်ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ကနဦးအနေနဲ့ (၅၀) ရာခိုင်နှုန်းလောက် ကိုပြန်လည်သိမ်းယူနေပါပြီလို့ ပြောခဲ့တာပါ။ 

“ဒါဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်းကာလတွေပဲ ရှိပါသေးတယ်။ အလွန်ခက်ခဲပါတယ်” လို့ ဆိုခဲ့ပြီး “နောက်တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက်မှာ အပြီးမသတ်နိုင်သေးပါဘူး၊ လပေါင်း များစွာ စောင့်ကြည့်နေရဆဲလို့ ကျွန်တော်ထင်ပါတယ်” လို့ ဘလင်ကန်က ပြောခဲ့ပါတယ်။

ယူကရိန်သမ္မတ ဇယ်လန်းစကီးကတော့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန် ထိုးစစ်ရဲ့ တိုးတက်မှုဟာ မျှော်မှန်းချက်ထက် နှေးနေတယ်လို့ ဆိုထားပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူကရိန်းဟာ အရှေ့ဘက်ရှိ ပျက်စီးနေတဲ့ ဘတ်မောက်မြို့တစ်ဝိုက်က တောင်ဘက်ဒေသနဲ့ နယ်မြေတချို့က ရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ခုခံကာကွယ်မှု အားကောင်းတဲ့ ရုရှားခံတပ်တွေကိုတော့ ဖြတ်ကျော်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

ယူကရိန်းက အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ရမလားလို့မေးမြန်းချိန်မှာတော့ ဘလင်ကန်က ဖြစ်လာဖို့သူယုံကြည်တယ်လို့ ဆိုခဲ့ပါတယ်။ 

F-16 တိုက်လေယာဉ်တွေကို ဒိန်းမတ်မှာ လာမယ့် ဩဂုတ်လအတွင်း ပျံသန်းဖို့ ယူကရိန်း လေယာဉ်မှူးတါေကို နိုင်ငံပေါင်း(၁၁) နိုင်ငံ စုပေါင်းအဖွဲ့က စတသ်လေ့ကျင့်ပေးမှာဖြစ်သလို ရိုမေနီးယားမှာလည်း လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ယူကရိန်းနိုင်ငံဟာ (LMT.N) F-16 တိုက်လေယာဉ်တွေအတွက် အချိန်အတော်ကြာ တောင်းခံခဲ့ တာဖြစ်ပြီး ဝါရှင်တန်က စေလွှတ်ဖို့နဲ့ပတ်သက်လို့ နောက်ဆုံးဆုံးဖြတ်ချက်မရှိဘူးလို့ အမေရိ ကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ 

ဒါ့အပြင် လေ့ကျင့်ရေးနဲ့ လေယာဉ်တွေပေးပို့ဖို့ အနည်းဆုံး(၁၈) လလောက် အချိန်ယူရမှာ ဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီ ကန်ဒေါ်လာ (၄၁) ဘီလျံကျော်ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.