ဘန်ကောက် – ဇူလိုင်(၂၅) 

Thai Fever လို့အမည်ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံအတွင်း ရိုက်ကူးရေးစတင်ခဲ့ရာ ကနေ အစိုးရဟာ ပြည်ပနိုင်ငံက ရုပ်ရှင်ထုတ်လုပ်သူတွေကို အခွန်ဖြေလျှော့မှုတွေနဲ့ တခြားအစီ အစဉ်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ဒုတိယပြောခွင့်ရ မစ္စထရီဆူလီက ပြောခဲ့ပါတယ်။

နိုင်ငံခြားသား အနုပညာရှင်တွေအတွက် အခွန်ဖြေလျှော့မှုနဲ့ ပတ်သက်တဲ့ အသစ်ထုတ်ပြန်မှုတွေ ဟာ လာမယ့် ဩဂုတ်လ(၂) ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခွန်ဖြေလျှော့မှုတွေ အကျုံးဝင်ဖို့ နိုင်ငံခြားသရုပ်ဆောင်တွေဟာ စီးပွားရေးလုပ်ငန်းတွေ ဒါမှ မဟုတ် ပြည်ပနိုင်ငံတွေနဲ့ တရားဝင်ပေါင်းစပ်ထားတဲ့ ပူးတွဲထုတ်လုပ်ရေးတွေကတဆင့် ရိုက်ကူး တဲ့ရုပ်ရှင်တွေပါဝင်ရမှာပါ။

ပြည်ပရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံအတွက် ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ ဒါမှ မဟုတ် ရုပ်သံအစီအစဉ်တွေ ရိုက်ကူးဖို့ ဆွဲဆောင်နိုင်တဲ့ မက်လုံးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရိုက်ကူးတဲ့ King The Land ကိုရီးယားဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းဟာ ကမ္ဘာ အနှံ့က လူတွေကို ထိုင်းဘုရင့်နိုင်ငံကို လာလည်ဖို့ အားပေးသလို ဖြစ်ခဲ့တယ်လို့ အစိုးရအဖွဲ့ ဝာာဝန်ရှိသူတစ်ဦးက ကပြောခဲ့ပါတယ်။

ဒါ့အပြင် အသစ်ပြဌာန်းမယ့် ရုပ်ရှင်လုပ်ငန်းအခွန်ဖြေလျှော့မှုတွေဟာ နိုင်ငံအတွင်းက ထုတ်လုပ် သူတွေအတွက်လည်း အကျုံးဝင်မှာဖြစ်သလို ခရီးသွားလုပ်ငန်း ကဏ္ဍကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ နိုင်ငံအတွင်း ရုပ်သံရိုက်ကူးလိုတဲ့ ကမ္ဘာတဝှမ်း မှ ရုပ်သံထုတ်လုပ်သူ အရေအတွက်လည်း များလာတယ်လို့ ဆိုထားပါတယ်။ 

“ထိုင်းနိုင်ငံအတွင်း နိုင်ငံ ၈ နိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်သူ ၂၁ ဦးသည် ရုပ်ရှင်ရိုက်ကူးရန် စိတ်ဝင် စားခဲ့ကြပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်၊ ဂရိ၊ ဆွစ်ဇာ လန်၊ နယ်သာလန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့မှ ဖြစ်ပြီး ဘတ်ငွေတန်ဖိုး ၃.၈ ဘီလီယမ် ထက်ပိုသော ပမာဏဖြစ်ပါတယ်” လို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စထရီဆူလီက ပြောခဲ့ပါတယ်။ 

အစိုးရက နိုင်ငံခြားကလာရောက် ရိုက်ကူးမယ့် ရုပ်ရှင်တွေအတွက် အခွန်နှုန်းထားတွေကို (၁၅) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်း၊ (၂၀) ရာခိုင်နှုန်းကနေ(၃၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး ဇာတ်ကားတစ်ကားကို ဘတ်ငွေ(၇၅) သန်းကနေ သန်း(၁၅၀) အထိ ထုတ်လုပ်သူတွေပြန်လည် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိသတ်မှတ်ပြဌာန်းထားတဲ့ စည်းမျဉ်းတွေအောက်မှ ရုပ်ရှင် ထုတ်လုပ်သူတွေအနေနဲ့ ထိုင်း နိုင်ငံအတွင်း ဘတ်သန်း(၁၀၀) အသုံးချကာ ထိုင်းဝန်ထမ်းတွေ၊ ထိုင်းရိုးရာတွေကို မြှင့်တင်တာနဲ့ ရေပန်းစားတဲ့ ခရီးသွားနေရာတွေကို နိုင်ငံပြင်ပကို တင်ပြချက်တွေ စသဖြင့် ရုပ်ရှင်မှာ တည့်သွင်း ရိုက်ကူးရင် အခွန်ပြန်နှုန်း(၂၀) ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.