FILE PHOTO: Labourers work next to electricity pylons in Mumbai, India, October 13, 2021. REUTERS/Francis Mascarenhas/File Photo

နယူးဒေလီ – ဇူလိုင်(၂၃) 

အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ် ဓာတ်အား ကူးသန်းရောင်ချဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး နယူးဒေလီ အစိုးရဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချကာ ဒေသတွင်း သံသမန်ဆက်ဆံရေးမြှင့်တင်ဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။

စက်မှုလုပ်ငန်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အဲဒီချိတ်ဆက်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ (၄)နှစ်အထိ အချိန်ယူဖို့ရှိနေပြီး UAE နိုင်ငံလို အရှေ့အလယ်ပိုင်းဒေသတွေနဲ့ လျှပ်စစ်ဓာတ်အား ကူးသန်းရောင်းချဖို့ အိန္ဒိယရဲ့ ကြိုးစားအားထုတ်မှုတွေထွက်ပေါ်လာတာပါ။

အိန္ဒိယရဲ့ လျှပ်စစ်ဓာတ်အား အာဏာပိုင်(၄) ဦးအပါအဝင် သတင်းရင်းမြစ်တွေက သတင်းထုတ် ဖော်ခဲ့တာမရှိသေးသလို လူသိရှင်ကြားထုတ်ပြောတာမရှိသေးဘဲ အဲဒီအစီအစဉ်ကို ဖော်ထုတ်ဖို့ ငြင်းဆိုထားပါတယ်။

ဒေသတွင်း တရုတ်ရဲ့လွှမ်းမိုးမှုကြီးထားလာတာကို တွန်းကန်နိုင်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ နိုင်ငံရေး၊စီးပွားရေး သဘောတူမှုတွေ တိုးမြှင့်လုပ် ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

အိန္ဒိယစွမ်းအင်အာဏာပိုင်တွေဟာ ဒေသတွင်း လျှပ်စစ်ဓာတ်အားချိတ်ဆက်မှုတွေကို မြှင့်တင် နိုင်ဖို့အတွက် တချို့သော နိုင်ငံတွေနဲ့ သီးခြားဆွေးနွေးမှုတွေ၊စုဖွဲ့ဆွေးနွေးမှုတွေကို ဆောင်ရွက် နေတယ်လို့ အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်မှာ ကျင်းပတဲ့ G-20 အစည်းအဝေးမှာ လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနက ပြောခဲ့တာပါ။ 

ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေပြုလုပ်ဖို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းလုပ်ဆောင်လိုသူတွေ ရဲ့ ကျောထောက်နောက်ခံမှုကို ရရှိဖို့အတွက် G-20 အဖွဲ့ဝင်တွေရဲ့ အထောက်အပံ့ဟာ အဓိက သော့ချက်ဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အားရောင်းချဖို့ စျေးနှုန်းအပါအဝင် အဓိကစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင် ဖို့ စည်းမျဉ်းမူဘောင်တစ်ခုကို သတ်မှတ်ပြင်ဆင်ဖို့ ပြင်သစ်နိုင်ငံ EDF နဲ့ အိန္ဒိယ EDF တို့ ချိတ် ဆက်ထားပြီး ဒီနှစ်ကုန်ပိုင်းမှာ အစီရင်ခံစာအပြီးသတ်ထုတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါ တယ်။ 

“အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ချိတ်ဆက်မှုများကို မြန်မာပြည်ကို ဆက်သွယ်ပြီးဆိုတာနဲ့ ထိုင်းအပါ အဝင် အာရှအရှေ့ အထိ လျှပ်စစ်ဓါတ်အားရောင်းချဖို့ အားကောင်းခိုင်မာစေရေးကို လုပ်ဆောင် နိုင်မှာပါ” လို့ အာဏာပိုင်တွေက ပြောပါတယ်။  

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.