မော်စကို – ဇူလိုင်(၂၃) 

နေတိုးမဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းထားချက်တွေ ရှိနေ တယ်လို့ ပူတင်က စွပ်စွဲခဲ့ပြီး ရုရှားအနီးကပ်မဟာမိတ်ဖြစ်တဲ့  ဘီလာရုစ်ကို ရန်စမှုမှန်သမျှဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။ 

ရုရှားအနေနဲ့ ဘီဘာရုစ်အပေါ် ရန်လိုမှုမှန်သမျှကို တက်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်သွား မှာဖြစ်တယ်လို့ ပူတင်က လုံခြုံရေးကောင်စီ အစည်းအဝေး ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့တာ ပါ။

လက်ရှိမှာတော့ ဝဂ်နာတပ်ဖွဲ့ဝင်တွေ ဘီလာရုစ်ကို ရောက်ရှိလာပြီးနောက် စစ်ယူနစ်တွေကို ပိုလန် အရှေ့ပိုင်းကို ပြောင်းရွှေ့ဖို့ ပိုလန်လုံခြုံရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံ ပိုင် သတင်းအေဂျင်စီ PAP ကအတွင်းဝန်ကို ကိုးကားပြီး ဆိုခဲ့တာပါ။

ပိုလန်ဟာ ဘီလာရုစ်မှာ နယ်မြေစိုးမိုးရေးဆိုင်ရာ စွပ်စွဲမှုတွေကိုတော့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပူတင်က ပိုလန်ရဲ့ အနောက်ခြမ်းမှာ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက်စတာလင်ဆီက နိုင်ငံအတွက် လက်ဆောင် ပဏ္ဍဖြစ်တယ်လို့ ဆိုကာ ရုရှားက ပိုလန်ကို သတိပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ 

“စတာလင်ဟာ စစ်ရာဇ၀တ်ကောင်၊ ပိုလန်လူမျိုးပေါင်း ထောင်နှင့်ချီ သေဆုံးမှုအတွက် အပြစ်ရှိ တယ်”လို့ ပိုလန်ဝန်ကြီးချုပ်ကသူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့သလို ရုရှားသံအမတ်ကို လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆင့်ခေါ်သွားမှာဖြစ်တယ်လို့ သူကဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘီလာရုစ်မှာရှိတဲ့ ဝဂ်နာကြေးစားစစ်သားတွေဟာ ပိုလန်နပ်စပ်အနီး မှာ ဘီလာရုစ်ဆီးယမ်း အထူးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားဟာ မကြာခင် ရက်သတ္တပတ်တွေအတွင်း ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူလက်နက် တွေကို ပထမဆုံးအကြိမ် စတင်ဖြန့်ကျက်ထားပြီး ဇူလိုင်လ(၂၃) ရက်နေ့မှာတော့ ကရင်မလင် နန်းတော်မှာ ဘီလာရုစ် သမ္မတနဲ့ ပူတင်တို့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ 

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပီစတိုရီယပ်စ်က ဂျာမနီနဲ့ နေတိုးတို့ဟာ စစ်ရေးမဟာမိတ် ရဲ့ အရှေ့ဘက်ခြမ်းကို ကာကွယ်ဖို့အတွက် ပိုလန်ကို ပံ့ပိုးကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြော ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.