ဂျာကာတာ၊ ဇူလိုင်(၂၃) 

ကျောက်ကပ်တွေရောင်းချဖို့ ကမ္ဘောဒီးယားနိုင်ငံကို လူပေါင်း ၁၂၂ ဦးကို လူကုန်ကူးခဲ့တဲ့ ရဲနဲ့လဝက အရာရှိ အပါအဝင်လူ ၁၂ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်(၂၁)ရက်နေ့က ပြောကြားခဲ့ ပါတယ်။

 အဲဒီသံသယတရားခံတွေကို အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှုကားကွယ်တားဆီးရေး ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်တင် စစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်နဲ့ ရူပီယာ သန်း ၆၀၀ ကို ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိနေတာပါ။

 လူကုန်ကူးသူတွေဟာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှ ပြည်သူလူထုတွေကို ဆိုရှယ်မီဒီယာကတဆင့် နှိုးဆော်ပြီး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသဖို့အတွက် ကမ္ဘောဒီးယားသို့ ပို့ဆောင်ခဲ့တယ်လို့ ဂျကာတာရဲတပ်ဖွဲ့မှ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

 လူကုန်ကူးခံရသူတွေဟာ တစ်ဦးလျှင် ရူပီယား ၁၃၅ သန်းကို ရရှိမှာဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။

 “လူကုန်ကူးခံရသူတွေဟာ ငွေလိုတဲ့အတွက် သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းချဖို့ သဘောတူခဲ့ကြ တာပါ။ သူတို့အထဲက အများစုကတော့ ကပ်ဘေးကာလအတွင်း အလုပ်လက်မဲ့ဖြစ်ကုန်ကြတာပါ” လို့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ လူကုန်ကူးမှုဖြစ်စဉ်တွေက မထူးခြားတော့လောက်အောင် ဖြစ်နေပြီး အလုပ်သမားအများစု ကလည်း အကြွေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း အာဏာပိုင်တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး လူကုန်ကူးမှုကို ဖြိုခွင်းရာမှာ တရားခံ ၈ ဦး ကို ဖမ်းဆီးခဲ့ပြီး အိမ်ဖော်အလုပ်ဖြင့် လူကုန်ကူးခံရမယ့်သူ ၁၂၀၀ ခန့်ကို ကယ် ဆယ်နိုင်ခဲ့ပါတယ်။ 

Ref,Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.