TLT Tv||- ကမ္ဘာ့သတင်းဌာနကြီးတွေမှာ တစ်ပတ်အတွင်း ဖော်ပြခဲ့ကြတဲ့ နောက်ဆုံးရသတင်း
https://youtu.be/y3VCra4kTdA
https://youtu.be/y3VCra4kTdA
ပေါင် – ဇူလိုင်(၂၃) မွန်ပြည်နယ်၊ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးစားသောက်ဆိုင် မှာ ဥတ္တံတား ကျေးရွာနယ်ထိန်းရဲအပါအဝင် (၂) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၂) ရက်နေ့ ညနေပိုင်းမှာ ဇင်းကျိုက်နယ်မြေရဲစခန်းအပိုင် ဥတ္တံတား ကျေးရွာနယ်ထိန်းရဲ ဖြိုးဇော်အောင်အပြင် ကိုစည်သူ တို့နှစ်ဦးဟာကျော်ကြီးစားသောက် ဆိုင်မှာ ထိုင်နေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ “တစ်ယောက်က…
ဂျာကာတာ၊ ဇူလိုင်(၂၃) ကျောက်ကပ်တွေရောင်းချဖို့ ကမ္ဘောဒီးယားနိုင်ငံကို လူပေါင်း ၁၂၂ ဦးကို လူကုန်ကူးခဲ့တဲ့ ရဲနဲ့လဝက အရာရှိ အပါအဝင်လူ ၁၂ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်(၂၁)ရက်နေ့က ပြောကြားခဲ့ ပါတယ်။ အဲဒီသံသယတရားခံတွေကို အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှုကားကွယ်တားဆီးရေး ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်တင် စစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်နဲ့…
မော်စကို – ဇူလိုင်(၂၃) နေတိုးမဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းထားချက်တွေ ရှိနေ တယ်လို့ ပူတင်က စွပ်စွဲခဲ့ပြီး ရုရှားအနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ကို ရန်စမှုမှန်သမျှဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။ ရုရှားအနေနဲ့ ဘီဘာရုစ်အပေါ် ရန်လိုမှုမှန်သမျှကို တက်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်သွား မှာဖြစ်တယ်လို့ ပူတင်က လုံခြုံရေးကောင်စီ အစည်းအဝေး ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့တာ ပါ။…
နယူးဒေလီ – ဇူလိုင်(၂၃) အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ် ဓာတ်အား ကူးသန်းရောင်ချဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး နယူးဒေလီ အစိုးရဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချကာ ဒေသတွင်း သံသမန်ဆက်ဆံရေးမြှင့်တင်ဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အဲဒီချိတ်ဆက်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ (၄)နှစ်အထိ အချိန်ယူဖို့ရှိနေပြီး UAE…
ကျိုက်ထို၊ ဇူလိုင်(၂၃) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင် အားစု KRF အဖွဲ့ဝင် ၃ ဦး ဖမ်းမိထားတယ်လို့ စစ်ကောင်စီ တယ်လီဂရမ်တွေကနေ ဇူလိုင် ၂၂ ရက်နေ့မှာ ဝါဒဖြန့်ထုတ်ပြန်ပါတယ်။ KRF အဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုပြည်စုံမောင်မောင်၊ ကိုအာဏာပိုင်စိုးနဲ့ ကိုဧပရယ်ဟိန်းတို့ ၃ ဦးကို ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ ဇူလိုင် ၆…
မော်လမြိုင်- ဇူလိုင်(၂၃) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဗဟိုဘဏ်က “နှစ်သောင်းကျပ်တန်” ငွေစက္ကူ အမျိုးအစားအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမယ်လို့ ဝါဒဖြန့် MRTV သတင်းကနေ ဒီနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။ စစ်ခေါင်းဆောင် ဦးစီးတည်ဆောက်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရတနာ”ရဋ္ဌနန္ဒက”ရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေနဲ့…
ကျောက်တံခါး၊ ဇူလိုင်(၂၃) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်သွားခဲ့သလို ပြည်သူလူထု ၅၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန် ပါ တယ်။ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၀၁)အနီး စစ်ကောင်စီအထိုင်ချရာ KTV ကို…
နေပြည်တော်၊ ဇူလိုင်(၂၃) အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း EAO သုံးဖွဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ”…
နေပြည်တော်၊ ဇူလိုင်(၂၃) အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေအနေနဲ့ မှတ်ပုံမတင်ပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အပြင် ငွေ ဒဏ် ၅ သိန်းပါ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချနေတဲ့ လုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ)…