စစ်အုပ်စု သက်တမ်းထပ်ထိုးထားတဲ့ အရေးပေါ်ကာလဟာ လာမယ့်ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ပြင်ဆင်ထား ပါတယ်။ အရေးပေါ်ကာလ ကုန်ဆုံးကာနီးပါးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က နိုင်ငံတ ဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုလာတာပါ။

ဒါကြောင့် စစ်ကောင်စီဘက်က ဆောင်ရွက်လာတဲ့အခြေအနေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့ကို တွေ့ဆုံခွင့်ပေးမှု၊ ဖြစ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်း(သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ အရေးပေါ်ကာလကလည်း သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ စစ်ကောင်စီအနေနဲ့ ဘာတွေ လုပ်ဆောင်လာနိုင်လဲ။ သုံးသပ်ပေးပါဦး။

လက်ရှိအခြေအနေကတော့ ရွေးကောက်ပွဲလုပ်ဖို့ တပြည်လုံးပြည်သူလူထု အများစုငြိမ်းချမ်းစွာနဲ့ မဲပေးနိုင်ဖို့ အခြေအနေတော့ မရှိသေးဘူး။ မရှိတာတော့ အမှန်ပဲ။ အရင်တုန်းက အစဉ်အလာအရ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ ပြဿနာမရှိဘူး။ အရင်တုန်းက သူတို့လှုပ်ရှား တဲ့ရွာတွေမှာ သူတို့ထိန်းချုပ်ထားပေမယ့် ရွေးကောက်ပွဲကို မနှောင့်ယှက်ဘူးပေါ့။ ဥပမာ-ရှမ်းပြည်နယ်က ကျေး ရွာတွေ ရခိုင်ဆိုရင်လည်း ၂၀၂၀မှာအထိ ရခိုင်မှာက အေအေက အနှောင့်ယှက်မပေးပါဘူးဆိုပြီး အာမခံခဲ့တာ တွေရှိတယ်။ အခုကအဲဒီဒေသတွေတင်မကပဲနဲ့ စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့၊ ချင်းပြည်နယ်၊ ကရင်ပြည် နယ်တို့ အဲဒီဒေသတွေမှာက အဲဒီလိုအခြေအနေမရှိဘူး။ ဒါကြောင့်မို့ အဲဒီလိုအခြေအနေတစ်ခုရောက်အောင် တော့ သူတို့က သက်တမ်းထပ်တိုးနေလိမ့်မယ်လို့ ထင်တယ်။

၂။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဘာကြောင့် ပေးတွေ့တယ်လို့ မြင်ပါသလဲ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံခွင့်ပြုတယ်ဆိုတာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သွားတွေ့ရင် ဘာပြော မှာလဲ။ ဘာဆွေးနွေးမှာလဲဆိုတာ အကြမ်းမျဉ်းတော့ ကြိုပြီးသိထားတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပြောခွင့် ပြုလိုက်တာပေါ့။ တကယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောမယ့်ဟာမျိုးက လက်နက်ကိုင်ပဋိပက္ခကို မြှောက်ပေးမယ့်ဟာမျိုးဆို သူတို့တွေ့ခွင့်ပေးမှာမဟုတ်ဘူးလေ။ ကျွန်တော်ခန့်မှန်းတာက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆွေးနွေးတယ်ဆိုတဲ့ကိစ္စက နစကအနေနဲ့ အဲဒီသဘောထားရှိလို့ တွေ့ခွင့်ပြုတယ်လို့ ကျွန်တော်က တော့ အဲလိုပဲမြင်တယ်။

၃။ ဒါဆိုစစ်ကောင်စီက တွေ့ဆုံဆွေးနွေးရေး ခြေလှမ်းပြင်လာတဲ့ သဘောလား၊ ဘယ်လိုမြင်ပါသလဲ။

အဲဒီသဘော ကျွန်တော်ပြောတာပါပဲ။ ဘာလို့ဆို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသွားတွေ့တာက သူတို့သဘော မတူပဲ သွားတွေ့လို့မရဘူး။ သွားတွေ့မယ့်သူက ဘာတွေပြောမှာတုန်း သူတို့စိုးရိမ်တယ်။ သွားတွေ့ပြီးတော့ မြှောက်ပေးမှာလား အပြင်အခြေအနေက ဒီလိုပဲဆိုပြီး မြှောက်ပေးမှာလား။ အခြေအနေတွေ ပိုဆိုးမှာလား။ ကျွန်တော်ထင်ပါတယ်။ သွားတွေ့ပြီး ဘာတွေပြောမယ်ဆိုတာကို နစကနဲ့ သဘောတူညီချက်ရပြီးမှ သူက ဘာအတွက် ရည်ရွယ်လည်းဆိုတော့ အခုသူတို့ စစ်ရေးနဲ့ကြိုးစားတာက အခြေအနေက မအောင်မြင်နိုင် ဘူးဆိုတာ သဘောပေါက်လာပြီပေါ့။ သူကအမှန်တကယ်က ဒီခြောက်လအတွင်းမှာ သူတို့အခြေအနေက ကောင်းလာတယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သူကသိပ်စဉ်းစားမှာ မထင်ဘူး။ လက် နက်ကိုင်ဘက်က လျော့ကျမသွားပဲ  အခြေအနေတွေက ပိုဆိုးလာနေတဲ့အခါကျတော့ နိုင်ငံရေးအရ ပိုသက် သာသွားအောင် အဲဒီလိုလည်း ပါနေတာပေါ့။ NLDနဲ့ဆွေးနွေးပြီး ဆွေးနွေးပွဲကအောင်မြင်တယ်ဆိုရင် ညှိနှိုင်း လို့ရတယ်ဆိုရင် NLDက လာမယ့်ရွေးကောက်ပွဲမှာပါမယ်။ တက်တက်ကြွကြွစည်းရုံးလှုပ်ရှားခွင့်လည်း ရမယ် ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေက လုံးဝချုပ်ငြိမ်းမသွားဘူးဆိုရင်တောင်မှ ရွေး ကောက်ပွဲကို မနှောင့်ယှက်ဘူးလို့ လုပ်လို့ရတာပေါ့။

၄။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုရော ဘယ်လို မြင်ပါသလဲ။ ဖြစ်လာနိုင်ဖို့ ရှိလား။

သူတို့က ကျွန်တော်ခန့်မှန်းကြည့်တာတော့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးအပြောင်းအလဲကို စောင့်နေပြီး လှုပ်ရှားတယ်လို့ ထင်တယ်ဗျ။ နိုင်ငံရေးအပြောင်းအလဲဆိုတာ NLDပါတီကို မှတ်ပုံပြန်မတင်တာတော့ တစ် ပိုင်းပေါ့နော်။ ဒါပေမယ့်နိုင်ငံရေးအခြေအနေအပြောင်းအလဲတွေကလည်း ဖြစ်လာနိုင်တာပေါ့။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲ မလုပ်နိုင်သေးဘူးဆိုပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ဆို တစ်နိုင် ငံလုံး တည်ငြိမ်အေးချမ်းဖို့ တစ်ခုပဲဆိုပြီးတော့ နောက်ဆုံး ရခိုင်မှာ နစကဥက္ကဌကပြောသွားတာရှိတယ်။

သူကသက်တမ်းခြောက်လထပ်တိုးမယ်။ အခုနည်းအတိုင်းပဲ လက်နက်နဲ့ပဲဖြေရှင်းမှာ။ လက်နက်နဲ့ပဲ တိုက် ခိုက်ပြီးတော့ ဖြေရှင်းမှာ။ အဲဒါကမအောင်မြင်နိုင်ဘူးဆိုရင် ကျွန်တော်ခန့်မှန်းတာတော့ နိုင်ငံရေးအရ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပြန်ပြီးတွေ့ဆုံဆွေးနွေးပြီးတဲ့အခါကျမှ NLDကိုလာမယ့် ရွေးကောက်ပွဲမှာ ပြန်မှတ်ပုံ တင်ခိုင်းပြီး ပြန်ပါဝင်လာအောင် စည်းရုံးတာမျိုး နိုင်ငံရေးအရ အခင်းအကျင်းတစ်ခုခုပြင်လိုက်လို့ ရှိရင် လက်နက်ကိုင်ပဋိပက္ခက အားလုံးချုပ်ငြိမ်းမသွားဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါ NUG,PDF လှုပ်ရှားနေတဲ့ဒေသက လူတွေက NLD ဿပြန်ပြီး ရွေးကောက်ပွဲမှာ ပြန်ပါမယ်ဆိုရင် သူတို့ ကရွေးကောက်ပွဲကို မနှောင့်ယှက်ဖို့ ဆိုတာမျိုး အဲဒီလိုမျိုးလည်း စဉ်းစားလာနိုင်တာပေါ့။  ဒါခန့်မှန်းကြည့် တာပေါ့။ အဲဒီလိုအခြေအနေမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် အဲဒါကိုစောင့်ပြီးတော့ ရွေးကောက်ပွဲကော် မရှင်ကလည်း လှုပ်ရှားနေတယ်လို့ ကျွန်တော်တော့ ယူဆတယ်။

၅။ နောက်ဆုံးအနေနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဘာတွေဖြစ်လာနိုင်ဖို့ ရှိမလဲ။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို မသွားပဲနဲ့ လက်နက်ကိုင်အပြုတ်တိုက်ရေးလမ်းကြောင်း သွားမယ်ဆို ပိုနာဖို့ရှိမယ်။ တိုင်းပြည်တင်မကဘူး။ ပြည်သူတွေရဲ့ စီးပွားရေး။ ပညာရေး၊ ကျန်းမာရေး၊ စောင့်ရှောင်မှုတွေ အကုန်ကျဆင်းပြီး ဖြစ်သွားနိုင်တဲ့ အနေအထားပေါ့။ ဘာမှအုပ်ချုပ်လို့မရဘူး။ ဖရိုမရဲဖြစ်ပြီး နေရာတကာ တရားဥပဒေစိုးမိုးမှုမရှိတော့ပဲ ဘယ်သူကဘယ်သူကို အုပ်ချုပ်နေတယ်ဆိုတာ မသိရတဲ့အနေအထား ဖြစ်သွားနိုင်တယ်။ ဒါကို သဘောပေါက်ပြီး တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.