July 22, 2023

ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန် – ဇူလိုင်(၂၂) မြန်မာ့ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ရိုက်ကူးချိန်မှာ ရိုက်ကူးရေးမစတင်ခင် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို လာမယ် ဩဂုတ်လ(၁) ရက်နေ့ကစပြီး ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက ဇူလိုင်လ (၂၁)ရက်နေ့ကသတင်း ထုတ်ပြန်ထားပါတယ်။ ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေက ရိုက်ကူးမယ့် မြန်မာဇာတ်လမ်းတွဲတွေမှာ ခွင့်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုထားတာပါ။ “အရင်ကတော့ ရုပ်ရှင်ကားကြီးပဲ ဇာတ်လမ်းတင်ရတာ၊…

“ကားမှောက်တယ်ဆိုတဲ့ အကြောင်းပြချက်က ဟုတ်မနေဘူး။ အပြင်ခေါ်ထုတ်ပြီး အပြင်မှာ သတ်လိုက်တယ်လို့ပဲ ပြောရမှာပေါ့”

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ထပ်မံသေဆုံးသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ အခုဖြစ်စဉ်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေအနေနဲ့ မြန်မာအာဏာလု စစ်တပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်…

ဆောမြို့အနီးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေ အပိုင်းပိုင်းခုတ်ခံထားရ

ဆော – ဇူလိုင်(၂၂) မကွေးတိုင်း၊ဆောမြို့အနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ကောင်စီတပ်သားတွေက အပိုင်းပိုင်းခုတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ရင်းကဲကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပ.က.ဖ ရဲဘော်(၃) ဦးနဲ့ PDF ရဲဘော်(၂) ဦးရဲ့ ရုပ်အလောင်းတွေကို အခုလိုလုပ်ခံခဲ့ရတာပါ။ “ခွေးက ခွေးလိုပဲကျင့်ကြံတဲ့သဘောပါ။ တိုက်ပွဲ…

“သူ(မင်းအောင်လှိုင်)က ကသက်တမ်းခြောက်လထပ်တိုးမယ်။ အခုနည်းအတိုင်းပဲ လက်နက်နဲ့ပဲဖြေရှင်းမှာ။ လက်နက်နဲ့ပဲ တိုက်ခိုက်ပြီးတော့ ဖြေရှင်းမှာ”

စစ်အုပ်စု သက်တမ်းထပ်ထိုးထားတဲ့ အရေးပေါ်ကာလဟာ လာမယ့်ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ပြင်ဆင်ထား ပါတယ်။ အရေးပေါ်ကာလ ကုန်ဆုံးကာနီးပါးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က နိုင်ငံတ ဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုလာတာပါ။…

ကျုံဒိုးမှာ စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ

ကျုံဒိုး၊ ဇူလိုင်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့ နယ်၊ ကျောက်အိုင်အုပ်စု၊ ရွှေဝါချောင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မုဒုံမြို့နယ်ခုနှစ်ခွေတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအမှတ် (၃၁၃) အမြောက်တပ်ဟာ ဇူလိုင်…

ကျိုက်ထိုမှာ စစ်တပ်ဖမ်းဆီးထားတဲ့ ရွှေတွင်းလုပ်သား ၅၀ နီးပါး တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်သေး

ကျိုက်ထို၊ ဇူလိုင်(၂၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ရွှေတွင်းလုပ်သားတွေနဲ့ မိသား စုဝင် ၅၀ နီးပါးဟာ တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းခြံအနောက်ဘက်မှာရှိတဲ့ ကိုအောင်နိုင်ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့…

စစ်အာဏာသိမ်း (၉၀၁)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၁၉ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၂) AAPP ရဲ့ ဇူလိုင်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၀၁)ရက်အတွင်း ပြည်သူ (၃၈၁၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၈၀ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်ရဲ့ သဘာဝဘေးဖြစ်စဉ်အပေါ် စစ်ကောင်စီကူညီပေးမှု မရှိသလောက်နည်းပါးခဲ့

မော်လမြိုင်၊ ဇူလိုင်(၂၂) မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေး ဖြစ်စဉ်တွေအပေါ် စစ်ကောင်စီရဲ့ ကူညီဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊…