ရန်ကုန် – ဇူလိုင်(၂၁)

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီမတရားစွဲဆိုထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၃)နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၅) နှစ်ချမှတ်လိုက်တယ်လို့ ဗ.က.သများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ထောင်(၈)နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၃)နဲ့ ထောင်(၇)နှစ် ချမှတ်ခံထားရပြီး ဇူလိုင်လ(၂၀) ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၃) နဲ့ထောင်(၅)နှစ် ထပ်မံ အမိန့်ချမှတ်ခံထားရတာပါ။

ဒေါပုံ ဗ.က.သ ဥက္ကဋ္ဌဟောင်းကိုဉာဏ်ဝင်းထက်ကို ၂၀၂၂ ခုနှစ် ဇွန်လ(၃၀) ရက်နေ့မှာ စစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အင်းစိန်ထောင်ထဲမှာ ချုပ်နှောင်ခံထားရတယ် လို့သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ (၂၄၀၀၀) နီးပါးရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ABSFU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.