မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေဖြန့်ဝေနေတဲ့ “ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ငြိမ်း ချမ်းရေးနိုဘယ်ဆုရှင်ရဲ့ သတင်းစကား” ဆိုပြီး လက်ကမ်းစာရွက်ဓာတ်ပုံတွေဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

စစ်တပ်လော်ဘီပေ့ချ်တွေမှာ ဖြန့်ဝေနေတဲ့အကြောင်းအရာတွေထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ရဲ့ သတင်းစကားဆိုပြီး NUGနဲ့PDF တွေကို လက်မခံဆိုတဲ့ စာသားတွေကို ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မှိုင်းဝေ၊ ဟန်ငြိမ်းဦး တယ်လီဂရမ်တွေကနေ ဇူလိုင်လ(၁၈) ရက်နေ့ကစပြီး အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင် ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းကြောင်းသာ ပြောဆိုထားပြီး နိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးဌာနပြောခွင့်ရတို့၏ ထုတ်ပြန်ပြောဆိုမှုများတွင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားသော်လည်းလက်ရှိ နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားဝင်သတင်းထုတ်ပြန်နိုင်ခြင်း မရှိတဲ့အတွက် စစ်ကောင်စီတပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံပါ စာသားများမှာ ထင်ယောင်ထင်မှား ဝါဒဖြန့်စာသားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://rb.gy/mtvc9

Myanmar Nowသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://rb.gy/mtvc9

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ရဲ့ သတင်းစကားဆိုတဲ့” ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.