ဝါရှင်တန် – ဇူလိုင်(၂၁) 

တောင်နဲ့ မြောက်ကိုရီးယားစစ်မဲ့ဇုန်ကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယားနိုင်ငံဘက်ကို ဝင်ရောက်ထွက်ပြေးသွားတဲ့ အမေရိကန်စစ်သားကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်အာဏာပိုင်တွေက အဲဒီစစ်သားဟာ အပစ်ရပ်စဲရေး သတ်မှတ်ထားတဲ့ ပန်မွန်ဂျွန် ကျေးရွာနယ်စပ်ကို ရောက်ရှိချိန်တောင်ကိုရီးယားအတားအဆီးတွေကို ချိုးဖျက်ကာ နယ်ခြား မျဉ်းကို ဖြတ်ကျော်သွားနိုင်သလို မြောက်ကိုရီးယားအာဏာပိုင်တွေက ထိန်းသိမ်းထားလောက် တယ်လို့လည်း ခန့်မှန်းမှုတွေရှိနေပါတယ်။

“ကျွန်တော်တို့ နိုင်ငံအစိုးရနဲ့ ကုလသမဂ္ဂတို့အတူ အဲဒီစစ်မှုထမ်းရဲ့ အချက်အလက်တွေကို ရရှိဖို့ လုပ်ဆောင်နေပါတယ်” လို့ အမေရိကန်အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီစစ်မှုထမ်းကိုစည်းကမ်းရေးရာ ပြဿနာတွေကြောင့် အမေရိကန်ကို ပြန်လည်ပို့ဆောင်ဖို့ ရှိနေပြီး ပန်မွန်ဂျွန်ကျေးရွာကို ရောက်ရှိခဲ့တာနဲ့ နယ်စပ်မျဉ်းဖြတ်ကျော်ခဲ့တာဟာ ခွင့်ပြုချက်မရှိ ဘဲ စိတ်အလိုအရ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

“အမေရိကန်အုပ်ချုပ်ရေးဘက်ကနေ သူ့ရဲ့လုံခြုံရေးကို သေချာစေဖို့နဲ့ သူ့မိသားစု၊သူ့အိမ်ကို ပြန်ပို့ပေးဖို့အတွက် တက်တက်ကြွကြွလုပ်ဆောင်နေပါတယ်”လို့ အစိုးရပြောခွင့်ရက ပြောခဲ့ပါ တယ်။

ပင်တဂွန်အနေနဲ့လည်း စစ်မှုထမ်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရရှိဖို့ မြောက်ကိုရီးယားစစ်တပ်ကို ဆက်သွားထားပေမယ့် တုံ့ပြန်တာတော့မရှိသေးဘူးလို့ ထုတ်ပြန် ထားပါတယ်။

အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားအစိုးရနဲ့ သံတမန်ဆက်ဆံရေးမရှိတဲ့အတွက် မိတ်ဖက် တောင်ကိုရီးယားနဲ့ ဆွီဒင် နိုင်ငံတွေရဲ့အကူအညီနဲ့ ထွက်ပြေးသွားတဲ့ စစ်မှုထမ်းရဲ့သတင်းရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်သွားတဲ့ စစ်မှုထမ်းဟာ စည်းကမ်းထိန်းသိမ်းရေး အကြောင်း ပြချက်နဲ့ ပြည်တော်ပြန်ခေါ်ဆောင်ခံရချိန် လေဆိပ်ကထွက်ခွာသွားတာဖြစ်တယ်လို့ မီဒီယာတွေ ကဖော်ပြထားပါတယ်။ 

ဒါ့အပြင် သူဟာကျူးလွန်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဒေသတွင်းအကျဉ်းထောင်တစ်ခုမှာ နှစ်လခန့် နေထိုင်ခဲ့ရပြီး ဇူလိုင်လ(၁၀) ရက်နေ့မှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.