ကန်ပက်လက် – ဇူလိုင်(၂၀)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကန်ပက်လက် ဒေသတော်လှန် ရေးတပ်ဖွဲ့ (CDF-Kanpetlet) မဟာမိတ်ပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၉) ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၆၊၁၈၊၁၉) သုံးရက်တာအတွင်း ဆွဲလွဲကျင်းကျေးရွာနဲ့ မဆာတွိကျေးရွာ အနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများပြားခဲ့တာပါ။တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲအတွင်း ရဲဘော်(၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ(၁၈) ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာအနီးက မဆာတွီကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုရားကျောင်းအပါအဝင် လူနေအိမ်တွေထိခိုက်ပျက်စီးထားတယ်လို့ CDF-Kanpetlet ကသတင်း ထုတ်ပြန်ထားပါတယ်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှု အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ် အနေနဲ့ CDF-Kanpetlet တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF-Kanpetlet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.