ရန်ကုန် – ဇူလိုင်(၁၈)
ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့မ ရဲစခန်းမှူးကို ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဆေးရုံတင်ပို့ထားရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဇူလိုင်လ(၁၈) ရက်နေ့ညပိုင်းက တောင်ဥက္ကလာပမြို့မရဲစခန်းမှူးကို စခန်းထဲမှာ ရဲတပ်သား တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရတာကြောင့် စခန်းမှူးဖြစ်သူ ဟာ မျက်နှာကိုထိမှန်ခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ဥက္ကလာပမြို့မ စခန်းမှူးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ ဒေသခံတချို့က ပြောပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပုံအဟောင်း (တောင်ဥက္ကလာပရဲစခန်း)