ပေကျင်း – ဇူလိုင်(၁၉)
တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေနောက်ကို နောက်ယောင်ခံလိုက်တာ အပါအဝင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လုပ်ရပ်တွေကို သမ္မတဟောင်းဒူတာတေးနဲ့ တရုတ်သမ္မတ ရှီကျင့် ဖျင်တို့ ဆွေးနွေးခဲ့နိုင်ကြောင်း ဖိလစ်ပိုင်သမ္မတဟောင်းမားကို့စ်ဂျူနီယာ က ပြောကြားလိုက်ပါတယ်။
သမ္မတမားကို့စ်က ဒူတာတေးရဲ့တရုတ်ခရီးစဉ်ကို သူသိရှိထားကြောင်းနဲ့ နှစ်နိုင်ငံကြား ဘယ်လိုဆက်သွယ် ရေးပုံံစံကိုမဆို ကြိုဆိုကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
“နောက်ယောင်လိုက်တာမျိုးလို ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သူတို့ဆွေးနွေးခဲ့လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့တွေဟာ အဲဒီကိစ္စတွေအားလုံးနဲ့ ပတ်သက်ပြီး တိုးတက်မှု ရရှိနိုင်မှာပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
တရုတ်ဘက်ကို ပိုမိုလိုလားတဲ့ သမ္မတဟောင်းဒူတာတေးနေရာကို ဖာဒီနန်မားကို့စ်ဂျူနီယာဟာ ၂၀၂၂ ခုနှစ်မှာ ခြောက်နှစ်သက်တမ်းအတွက် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရပါ တယ်။
လက်ရှိဖိလစ်ပိုင်သမ္မတက အမေရိကန်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို အကောင်အထည်ဖော် လာတာ ကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်ဆက်ဆံရေးက အေးစက်သွားခဲ့ပါတယ်။
“တရုတ်နဲ့ ဖိလစ်ပိုင်ကြား ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးဖို့ မျှော်လင့်ပါတယ်” လို့ ဇူလိုင် ၁၇ ရက်က ဘေဂျင်းမြို့ရှိ Diaoyutai ပြည်နယ် မှာတွေ့ဆုံချိန်မှာ သမ္မတရှီက ဒူတာတေးကို ပြောကြားခဲ့ပါတယ်။
သမ္မတမားကို့စ်လက်ထက်မှာ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ဆက်ဆံရေးတင်းမာလာခဲ့ပြီး ဖိလစ်ပိုင် အနေနဲ့ ရှိရင်းစွဲမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံဘက်ကို ဆက်ဆံရေးပြန်လည် ဦးလှည့်သွား ခဲ့တာပါ။
ပြီးခဲ့တဲ့မေလမှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့တဲ့ သမ္မတမားကို့စ်ရဲ့ ခရီးစဉ်အတွင်း ဆယ်စုနှစ်ချီကြာမြင့် ခဲ့ပြီဖြစ်တဲ့ လုံခြုံရေးဆိုင်ရာမဟာမိတ်ဖြစ်မှုကို ဖိလစ်ပိုင်နဲ့ အမေရိကန်တို့က ခိုင်ခိုင်မာမာပြန်လည်အတည် ပြုနိုင်ခဲ့ပါတယ်။
အခုနှစ်အတွင်းထပ်တိုးစစ်အခြေစိုက် စခန်းလေးခုကို အမေရိကန်ကိုအသုံးပြုခွင့်ပေးမယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံဘက်က ဒေါသထွက်ခဲ့ပါတယ်။
တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံတင်းမာမှုကြားထဲ ဝင်ပါမိမယ်ဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံက သုသာန်တစ်စပြင် လိုဖြစ်သွားနိုင်တယ်လို့ သမ္မတဟောင်း ဒူတာတေးက ပြီးခဲ့တဲ့လမှာ ပြည်တွင်းမီဒီယာတစ်ခုကို ပြောဆိုထား ဖူးပါတယ်။
Ref;Reuter