စလင်း – ဇူလိုင်(၁၈)

မကွေးတိုင်း၊စလင်းမြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဇူလိုင်လ(၁၈) ရက်နေ့ မနက်ပိုင်းက လိုက်လံဖြန့်ဝေနေတာဖြစ်ပြီး နေရာအနှံ့မှာလည်း စာစောင်တွေ လိုက်ကပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ကင်ပွန်းချုံကျေးရွာကို မီးရှို့ဖျက်ဆီးထားပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.