ဆိုးလ်၊ ဇူလိုင်(၁၆) 

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် တရုတ်အစိုးရအနေဖြင့် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွေ့ဆုံမှုမှာ တရုတ်ရဲ့အမြင့်ဆုံး သံအမတ်ဝန်ရီကို ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပစ်ခတ် မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ် ချကာ အဲဒီမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 ဆိုးလ်နဲ့ ဘေဂျင်းအစိုးရတို့ရဲ့ အဓိကလိုလားချက်ဟာ ရန်လိုမှုတွေကို အဆုံးသတ်ပြီး ဆွေးနွေးပွဲကို ပြန်လည် စတင်ဖို့လည်းဖြစ်ပါတယ်။

 ပြုံးယမ်းအရေးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကုလသမဂ္ဂမှာလည်း အမြင်ကွဲပြား လျှက်ရှိ နေတာပါ။ 

တရုတ်နဲ့ ရုရှားတို့ကတော့ ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ခြင်းဟာ တင်းအားတွေကို လျှော့ချရေးအတွက် အကူအညီ မဖြစ်နိုင်ဘူးလို့ ပြောကြားထားပါတယ်။ 

တရုတ်နဲ့ အမေရိကန်အားပြိုင်မှုမှာ လောင်ကြေးထပ်မမှားဖို့ တရုတ်ကိုယ်စားလှယ် အသိပေးလိုက်ချိန်မှ စတင်ပြီး တောင်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးကလည်း ဆိုးရွားလျှက်ရှိတာပါ။ 

အာဆီယံအစည်းအဝေး ပြင်ပတွေ့ဆုံမှုမှာတော့ တရုတ်က တောင်ကိုရီးယားကို အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနဲ့ ကောင်းမွန်တဲ့အခြေအနေကို ပြန်ရောက်ဖို့ မဟာဗျူဟာကျတဲ့ မိတ်ဖက်မှုတွေကို တွန်းအားပေးဆောင်ရွက်ဖို့ပြောကြားခဲ့ပါတယ်။ 

နှစ်ဖက်တွေ့ဆုံမှုမှာ ကိုရီးယားကျွန်းဆွယ်အရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ပြဿနာတွေနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။ 

Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.