ပါရီ – ဇူလိုင်(၁၆) 

အိန္ဒိယနိုင်ငံကို ပြင်သစ်ထုတ် ရာဖယ်လ်ဂျက်လေယာဉ်(၂၆)စင်းအပါအဝင် ရောင်းချဖို့အပါ အဝင် စစ်ရေးစီမံချက်အသစ်တွေအတွက် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ မိုဒီတို့ ပါရီမြို့မှာ ကတိပြုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ထုတ်ပြန်ချက်မှာ ပြင်သစ်နိုင်ငံထုတ် ရေငုပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်အင်ဂျင်တွေကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ 

“အနာဂတ်တွင် အိန္ဒိယနှင့် ပြင်သစ်တို့သည် တိုက်ခိုက်ရေးလေယာဉ်အင်ဂျင်၏ ပူးတွဲထုတ် လုပ်မှုကို ပံ့ပိုးပေးခြင်းဖြင့် အဆင့်မြင့်လေကြောင်းဆိုင်ရာနည်းပညာများတွင် ၎င်းတို့၏ မြေပြင်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ဒီလုပ်ငန်းတွေဟာ အိန္ဒိယနဲ့ ပြင်သစ်ကြား ယုံကြည်မှု စိတ်ဓာတ်နဲ့ လိုက်လျောညီထွေ ဖြစ်တယ်လို့ ဆိုထားပြီး နှစ်ဘက်တိုက်ခိုက်ရေးလေယာဉ်အင်ဂျင် ပူးတွဲထုတ်လုပ်မှုကိုလည်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

“နောက်ထပ် ဥပမာတစ်ခုကတော့ အိန္ဒိယနဲ့ နိုင်ငံတကာ ရေတပ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ရေပြင်သင်္ဘောတွေ ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယရဲ့ Garden Reach Shipbuilders Ltd နဲ့ Naval Group France တို့ကြား နားလည်မှု စာချွန်လွှာ ရေးထိုးထားပါတယ်” လို့ မိုဒီရဲ့ နှစ်ရက်ကြာ ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

နှစ်ဘက်လုံးဟာ အဆုံးသတ်ဖို့အတွက် ကာကွယ်ရေးစက်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံကို ချမှတ်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်ဟာ အိန္ဒိယကျောင်းသားတွေအတွက်လည်း ဗီဇာစည်းမျဉ်းတွေကို ဖြေလျှော့ပေးခဲ့သလို မိုဒီသက်တမ်းကာလအတွင်း ပါရီမှာ ရူပီငွေနဲ့ သုံးစွဲနိုင်စေမယ့်ဖို့ ဧည့်သည်တွေအတွက် အက်ပ် အခြေခံ ငွေပေးချေမှုစနစ်ကိုလည်း အတည်ပြုထားပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီကို မက်ခရွန်က “အိန္ဒိယနေထိုင်သူ (၁.၄) ဘီလျံအတွက် ဂုဏ်ပြုမှု” ဆိုတဲ့ နိုင်ငံရဲ့ ထိပ်တန်းဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ခရီးစဉ်မတိုင်ခင် အိန္ဒိယဟာ ရာဖယ်လ်(၂၆) စင်းနဲ့ ရေငုပ်သင်္ဘော(၃) စင်းဝယ်ယူထားတယ်လို့ အတည်ပြုထားပြီး အဲဒီပစ္စည်းတွေဟာ အိန္ဒိယမှာ တည်ဆောက်ပြီးတဲ့ (၅) စီးနဲ့ ပူးပေါင်းပြီး ဆဋ္ဌမအမြောက်ကိုတော့ အိန္ဒိယမှာ တပ်ဆင်ကာ မကြာခင် ကြေညာသွားဖို့ရှိနေတယ်လို့ သိရပါ တယ်။ 

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အိန္ဒိယဟာ ရာဖယ်လ် (၃၆) စီးကို ယူရို(၈) ဘီလျံနဲ့ ဝယ်ယူခဲ့ပြီး အဲဒီထဲ က(၃) စီးဟာ သောကြာနေ့က အခမ်းအနားမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Ref:RFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.