FILE PHOTO: The Microsoft sign is shown on top of the Microsoft Theatre in Los Angeles, California, U.S. October 19,2018. REUTERS/Mike Blake/File Photo

ဝါရှင်တန် – ဇူလိုင်(၁၆) 

တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်မှာ ကုဒ်အမှားတွေထည့်သွင်းအသုံးပြုပြိး အစိုးအေဂျင် စီနဲ့ တခြားသော အသုံးပြုသူတွေရဲ့ အီးမေးလ်တွေကို ခိုးယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ကုမ္ပဏီရဲ့ ကြေငြာချက်တစ်ခုမှာ တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်တွေကို ချို့ယွင်းအောင်လုပ်ဆောင်ပြီး ဆိုက်ဘာထောက်လှမ်းရေး လှုပ်ရှားမှု တွေကိုဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြတာပါ။

အဲဒီအခြေအနေဟာ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတွေနဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ ဆိုထားပြီး တရုတ်အစိုးရကတော့ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

Microsoft နဲ့ အမေရိကန်အာဏာပိုင်တွေက တရုတ်အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ဟက်ကာတွေဟာ မေလတည်းကစတင်ပြီး အဖွဲ့အစည်း(၂၅) ခုရဲ့ အီးမေးလ် အကောင့်တွေကို လျှို့ဝှက်ဝင်ရောက် ဖို့ ကြိုးစားခဲ့ဖူးကာ အဲဒီထဲမှာ အစိုးရအေဂျင်စီ(၂)ခုပါဝင်တယ်လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဟက်ကာတွေရဲ့ ဦးတည်ချက်နဲ့ ပတ်သက်ပြီး Microsoft ဘက်ကသတ်မှတ်ဖော် ပြထားတာမရှိပေမယ့် အမေရိကန်အစိုးရဌာန၊စီးပွားကူးသန်းဌာနနဲ့ အောာက်လွှတ်တော်ကိုယ် စားလှယ်တွေအပါအဝင် ဟက်ခံရသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အမြင့်ဆုံးသံတမန်နဲ့ ဂျာကာတာအစည်းအဝေးမှာ အမေရိကန်အစိုးရ၊ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေအပေါ်ဦးတည်တဲ့ လုပ်ဆောင်ချက်တွေအပေါ် အထူးစိုးရိမ်နေပြီး တာဝန်ယူ တာဝန်ခံမှုရှိစေဖို့ မိမိတို့ဘက်က သင့်လျော်တဲ့ လုပ်ဆောင်ချက် တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တွေ့ဆုံချိန်မှာပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကိုယ်ပိုင်လုံခြုံရေးပြင်ဆင်မှုတွေကို စိစစ်ပေးဖို့အတွက် ဝါရှင်တန်အခြေစိုက် ကုမ္ပဏီ ဖြစ်တဲ့ Microsoft ကိုဒစ်ဂျစ်တယ်စစ်ဆေးမှု လုပ်ဆောင်ပေးဖို့ တောင်းဆိုထားသလို အဲဒီဝန် ဆောင်မှုကိုလည်း သုံးစွဲသူတွေအတွက် အခမဲ့သတ်မှတ်ပေးရေး အာဏာပိုင်တွေနဲ့ ဥပဒေပြု အမတ်တွေက တောင်းဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.