ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၁၅)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင် ၁၄ ရက်နေ့မှာ တစ်နေ့လုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ် ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူ လိုင် ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ပုလိန်ရွာနဲ့ ခလယ်ကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီလက်အောက်ခံ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမြောက် တပ်ကနေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး တိုက်ပွဲဟာ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်မှုကိုတော့ လတ်တလောမှာ မသိရှိရသေးသလို ဒေသခံပြည်သူတွေတချို့ တိုက်ပွဲအတွင်း ပိတ်မိတာတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန် ငြိမ်းချမ်းမြိုင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန် တိုင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူလူထု ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပြီး အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ တော် လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU