ကျိုက်ထို၊ ဇူလိုင်(၁၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဆီအုန်းခြံအနောက်ဘက်မှာ ရွှေတွင်းဖော်ရေးလုပ် ကိုင်နေတဲ့ ရွှေတွင်းလုပ်သားတွေအပါအဝင် ၁၆ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သထုံခရိုင် PDF ထံကနေ သိရပါတယ်။
တပ်အင်အား ၆၀ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်၁၃ရက်နေ့ ညနေ(၃) နာရီလောက်မှာ ဖောကားတွေနဲ့ ရောက်လာပြီးနောက် ရွှေတွင်းအလုပ်သမား၊ ဘတ်ဟိုးမောင်းသူတွေနဲ့ ပန်းသိင်္ဂ ီစိုက်ပျိုးရေးကုမ္ပဏီက မန်နေဂျာအပါအဝင် ဝန်ထမ်း၁၆ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ ကိုအောင်ရွှေတွင်းလုပ်ငန်းကနေ အလုပ်သမား(၁၀)ဦး၊ ဘတ်ဟိုးမောင်းသ မား (၃) ဦး၊ ပန်းသိင်္ဂ ီစိုက်ပျိုးရေးကုမ္ပဏီက မန်နေဂျာကိုမျိုးမြင့်ကျော်နဲ့ ဝန်ထမ်းကိုကိုချစ်ပါ (၂)ဦးတို့ကို ဖမ်းဆီးခံလိုက်ရတာပါ။
ရွှေတူးဖော်ရေးလုပ်ငန်းက ဝန်ထမ်းတွေကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ဘတ်ဟိုး ၃ စီး၊ ရွှေမျောစက် ၁ လုံးကိုပါ သိမ်းဆည်းသွားသလို အလုပ်သမားတွေနေထိုင်တဲ့ တဲတွေကိုလည်း မီးရှို့ဖျက် ဆီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က သူတို့တွေကို ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကို စစ်ကောင်စီတပ်က ကျိုက်ထိုမြို့မရဲစခန်းနဲ့ တပ်မ ၄၄ ဌာနချုပ်ထဲ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ လုပ်ငန်းရှင်တွေနဲ့ အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးပြီးနောက် ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media