July 15, 2023

ဆောမြို့နယ် ရင်းကဲရွာကို စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့နေ

ဆော – ဇူလိုင်(၁၅) မကွေးတိုင်း၊ဆောမြို့နယ် လောင်းရှည်ဒေသ ရင်းကဲရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့နေတာကြောင့် ပြည်သူတွေထွက်ပြေး နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရင်းကဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် အသက်(၁၂) နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး အိမ်(၃၀၀)…

စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှုတွေရပ်တန့်အောင် ချက်ချင်းလုပ်ဆောင်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

ဝါရှင်တန် – ဇူလိုင်(၁၅) မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ်မှာ စစ်ကောင်စီတပ်ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ပြုလုပ်တဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး Open Debateပြုလုပ်ချိန်မှာ အခုလို ပြောခဲ့တာပါ။ စစ်တပ်ဟာ…

ဘော်လခဲမြို့ထဲ စစ်တပ်ဝင်ရောက်တပ်စွဲထားတာကြောင့် ပြည်သူ (၅၀၀) ကျော်ပိတ်မိ၊ မြို့ပြင်ထွက်သူတွေ ပစ်သတ်ခံနေရ

ဘော်လခဲ – ဇူလိုင်(၁၅) ကယားပြည်နယ်၊ဘော်လခဲခရိုင်၊ရွာသစ်မြို့ထဲကို စစ်တပ်ဝင်ရောက်တပ်စွဲပြီးနောက် ဒေသခံတွေကို မြို့ပြင်ပေးမထွက်တော့တဲ့အတွက် ပြည်သူ(၅၀၀) ကျော်ပိတ်မိနေပြီး အပြင်ထွက်ဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်သတ်ဖြတ်ထားတာ (၆)ဦးအထိရှိနေပြီလို့ ကရင်နီအစိုးရအဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က စစ်ကောင်စီတပ်ဟာ ရွာသစ်မြို့အရှေ့ဘက်က မဝင်ရောက်ဘဲ မြို့ကိုဝိုင်းပြီး ဘက်ပေါင်းစုံက ဝင်ရောက်ခဲ့တဲ့အတွက်ပြည်သူတွေပိတ်မိနေတာပါ။ လက်ရှိမှာတော့ ပိတ်မိနေတဲ့ အရပ်သားတွေဟာ မြို့ကိုဝင်ထွက်ခွင့်ရဖို့ စစ်တပ်ရဲ့ ခွင့်ပြုချက်တောင်းခံနေရပြီး…

ရေးအခြေစိုက်စစ်ဌာနချုပ်နဲ့ တပ်ရင်းတွေ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ရေး – ဇူလိုင်(၁၅) မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တပ်ရင်းတချို့ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စ.က.ခ(၁၉) အပါအဝင် ရေး-ထားဝယ်ကားလမ်းရှိ ခြေလျင်တပ်ရင်း ခလရ(၆၁) နဲ့ အမှတ် (၃၁၆) အမြောက်တပ်တို့ကို တော်လှန်ရေးအင်အားစုတွေက…

“အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစားအတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး”

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံအင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂ နှစ် ကျော်ကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို…

စစ်ကောင်စီတပ်စွဲထားလို့ နှစ်ကရင်ဒေသခံတွေ နေရပ်မပြန်ရဲသေး

ရေး၊ ဇူလိုင်(၁၅) မွန်ပြည်နယ်၊ ရေးမြို့နယ်နှစ်ကရင်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က နှစ်ကရင်ရဲစခန်းမှာ နေထိုင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ နှစ်ကရင်ကျေးရွာထဲမှာ ဝင်ရောက် တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က နှစ်ကရင်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး…

မြိတ်မှာ ထိုင်းရွှေနဲ့စားသောက်ကုန်တွေ ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် စိုးရိမ်နေကြ

မြိတ်၊ ဇူလိုင်(၁၅) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းမှာ ထိုင်းရွှေနဲ့စားသောက်ကုန်တွေကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းဖမ်းဆီးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ မြိတ်မြို့နယ်အတွင်းမှာ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း နေပြည်တော်စစ်ဆေးရေးအဖွဲ့တွေက ထိုင်းရွှေနဲ့ပစ္စည်းတွေကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ အဲဒီသတင်းကြောင့် ရွှေဆိုင်တချို့မှာ…

ပို့ကုန်ရငွေလဲလှယ်မှုပမာဏ ဖြေလျှော့လိုက်ပေမယ့် စီးပွားရေးအပေါ် ထိရောက်မှုမရှိနိုင်

နေပြည်တော်၊ ဇူလိုင်(၁၅) စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ထားတဲ့ ပို့ကုန်ရငွေလဲလှယ်ရမယ့် ရာခိုင်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်ပေမယ့် မြန်မာ့စီးပွားရေးအပေါ် ထိရောက်မှုမရှိနိုင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အရင်ကပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ် မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း အလုပ်လုပ်ရက်တစ်ရက်အတွင်း မဖြစ်မနေလဲလှယ်ရမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ညွှန်ကြားထားတာ…