ကိဗ်၊ ဇူလိုင်(၁၅)
အခုသီတင်းပတ်အတွင်း ကိဗ်ကနေတိုးထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် မိတ်ဖက်ပြည်ပနိုင်ငံတွေက ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ (၁.၆၈) ဘီလီယံကျော် ကတိပြုမှုရရှိခဲ့ကြောင်း ကာကွယ် ရေးဝန်ကြီးက ဇူလိုင် (၁၃) ရက်နေ့က ပြောခဲ့ပါတယ်။
လစ်သူယေးနီးယားမြို့တော်မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေး အပြီးမှာပဲ “ဗေးနီး ရပ်စ်ရှိ အစည်းအဝေးတွေဟာ အလွန်အကျိုးဖြစ်ထွန်းတယ်” လို့ဝန်ကြီးက တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ တာပါ။
ယူကရိန်းသူ့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေထံမှ စစ်ရေးအကူအညီ ယူရို ၁.၅ ဘီလီယံကျော် (ဒေါ်လာ (၁.၆၈) ဘီလီယံကျော်) ရရှိလိမ့်မယ်လို့လည်း သူကရေးသားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ တွစ်တာစာမျက်နှာမှာ ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇီလန်းစကီးက နိုင်ငံရပ်ခြားခေါင်း ဆောင်တွေနဲ့ ဆက်တိုက်တွေ့ဆုံခဲ့တဲ့ ဗေးနီးရပ်စ်မှာ စစ်ဘက်ဆိုင်ရာအကူ အညီတွေ ကမ်းလှမ်းထားတဲ့ နိုင်ငံ ခုနစ်နိုင်ငံရဲ့ စာရင်းကိုလည်း ဖော်ပြခဲ့ပါတယ်။
အဲဒီနိုင်ငံတွေထဲက ဂျာမနီမှ ပေးအပ်မယ့် ယူရိုငွေ သန်း (၇၀၀) ထောက်ပံ့ရေးပက်ကေ့ချ်မှာ Leopard 1A5 တင့်ကား ၂၅ စီး ပါဝင်တယ်လို့ သိရပါတယ်။
ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ ကနေဒါ၊ နော်ဝေးနဲ့ နေတိုးအဖွဲ့ ဝင်မဟုတ်တဲ့ သြစတြေးလျ တို့က ထောက်ပံ့ကူညီရေးအကူအညီတွေကိုလည်း သူကချီးကျူးခဲ့ပါတယ်။
ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက်လာတဲ့ ယူကရိန်းရဲ့ အနာဂတ်ဟာ တစ်ချိန်ချိန်ရောက်ရင် စစ်မဟာ မိတ်အဖွဲ့မှာ ပါဝင်သင့်တယ်လို့ နေတိုးခေါင်းဆောင်တွေက ထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့ကြပါတယ်။
သူတို့ဟာ ယူကရိန်းကို မပြောင်းလဲတဲ့ ပံ့ပိုးကူညီမှုတွေနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီအသစ် တွေပေးမယ်လို့ ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။
Ref: CNA