ဂျကာတာ – ဇူလိုင်(၁၅)
အာရှပစိဖိတ်ဒေသမှာ အမေရိကန်-တရုတ်တင်းမာမှုတွေ မြင့်တက်နေချိန် အာဆီယံဟာ တခြား နိုင်ငံတွေအတွက် ကြားခံအဖွဲ့အစည်း ဖြစ်လာမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သတိပေးလိုက်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်အစိုးရက နယ်နိမိတ်တော်တော်များများကို တောင်းဆိုရင်း မြင့်တက်လာတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ မြန်မာစစ်ခေါင်းဆောင်ရဲ့ အဓိက မဟာမိတ်တရုတ်နဲ့ မြန်မာပြည်အခက်အခဲတွေကို ဆွေးနွေးဖို့ ဂျကာတာမှာ တွေ့ဆုံခဲ့ကြ တာပါ။
ရေကြောင်းရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အာဆီယံသဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့ ဝင်နိုင်ငံတချို့ဟာ တရုတ်ကို ဆန့်ကျင်လာသလို တရုတ်ရဲ့အားကောင်းလာမှုကို အတိုက်အခံပြု နေတဲ့ အမေရိကန်ကိုလည်း ထောက်ခံတာတွေရှိနေပေမယ့် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံတချို့ကို တော့ ဘေဂျင်းအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ အခြေအနေမှာရှိနေ ပါသေးတယ်။
“အာဆီယံဟာ ပြိုင်ပွဲတစ်ခုမဖြစ်နိုင်ပါဘူး။ ဘယ်နိုင်ငံအတွက်မှ ကြားခံဆောင်ရွက်ပေးနေတာ လည်း မဟုတ်သလို နိုင်ငံတကာဥပဒေအတိုင်းကို တိကျစွာ လိုက်နာရမှာပါ။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စောင့်ကြည့ဖို့ အာဆီယံအတွင်းမှာ ညီညွှတ်မှုအားကောင်း အောင်အဖွဲ့ဝင်နိုင်ငံများက စုစည်း ရမှာပါ” လို့ သမ္မတဝီဒိုဒီုက ပြောခဲ့ပါတယ်။
ဂျကာတာမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နဲ့ အမေရိကန်တို့ပါ ပူးတွဲတက်ရောက်ခဲ့ကာ အဲဒီနိုင်ငံနှစ်ခုရဲ့ အမြင့်ဆုံးကိုယ်စားလှယ်တွေဟာ သီးခြားအစည်းအဝေးတွေကိုလည်း ကျင်းပနေတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကိုယ်စားလှယ် ဝမ်ရိကို ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေတယ်လို့ ဆိုခဲ့ပါတယ်။
ဝမ်ရိကတော့ ဘလင်ကန်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တရုတ် အရေးကို ဝင်မစွက်ဖက်သင့်ဘဲ ဆက်ဆံရေးကောင်းဖို့အတွက်သာ အလုပ်လုပ်သင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှိနိုင်ငံများအသင်း (အာဆီယံ)ရဲ့ အခြေအနေဟာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး နှစ်ခြမ်းကွဲနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါ တယ်။
“အင်ဒို ပစိဖိတ် ဒေသဟာ နောက်ထပ်စစ်မြေပြင်တစ်ခု ဖြစ်မလာသင့်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ဒေသဟာ တည်ငြိမ်ဖို လိုပါတယ် ပြီးတော့ အဲ့ဒီသဘောအတိုင်းပဲ ကျနော်တို့ဟာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သွားဖို့လိုပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အရှေ့ အာရှ(၁၈) နိုင်ငံက တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။
Ref:AFP/kg