July 14, 2023

အမေရိကန် ဒေါ်လာ ၁.၆၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ယူကရိန်းရရှိ

ကိဗ်၊ ဇူလိုင်(၁၅) အခုသီတင်းပတ်အတွင်း ကိဗ်ကနေတိုးထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် မိတ်ဖက်ပြည်ပနိုင်ငံတွေက ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ (၁.၆၈) ဘီလီယံကျော် ကတိပြုမှုရရှိခဲ့ကြောင်း ကာကွယ် ရေးဝန်ကြီးက ဇူလိုင် (၁၃) ရက်နေ့က ပြောခဲ့ပါတယ်။ လစ်သူယေးနီးယားမြို့တော်မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေး အပြီးမှာပဲ “ဗေးနီး ရပ်စ်ရှိ အစည်းအဝေးတွေဟာ အလွန်အကျိုးဖြစ်ထွန်းတယ်” လို့ဝန်ကြီးက တွစ်တာစာမျက်နှာမှာ…

ဘယ်နိုင်ငံအတွက်မှ အာဆီယံကို ကြားခံအခြေအနေမျိုးမဖြစ်ဖို့ သမ္မတ ဝီဒိုဒိုသတိပေး

ဂျကာတာ – ဇူလိုင်(၁၅) အာရှပစိဖိတ်ဒေသမှာ အမေရိကန်-တရုတ်တင်းမာမှုတွေ မြင့်တက်နေချိန် အာဆီယံဟာ တခြား နိုင်ငံတွေအတွက် ကြားခံအဖွဲ့အစည်း ဖြစ်လာမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သတိပေးလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်အစိုးရက နယ်နိမိတ်တော်တော်များများကို တောင်းဆိုရင်း မြင့်တက်လာတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ မြန်မာစစ်ခေါင်းဆောင်ရဲ့ အဓိက မဟာမိတ်တရုတ်နဲ့ မြန်မာပြည်အခက်အခဲတွေကို ဆွေးနွေးဖို့ ဂျကာတာမှာ တွေ့ဆုံခဲ့ကြ တာပါ။ ရေကြောင်းရေးရာ ကိစ္စရပ်တွေနဲ့…

အမေရိကန် ကလက်စတာဗုံးတွေ ယူကရိန်းကိုရောက်နေပြီလို့ နှစ်ဘက်စစ်ဗိုလ်ချုပ်တွေ အတည်ပြု

ဝါရှင်တန် – ဇူလိုင်(၁၅) ရုရှားရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကိုထောက်ပံ့ဖို့ အမေရိကန်ဘက်က သဘောတူထားတဲ့ အငြင်းပွားဖွယ်ရာ အစုလိုက်အပြုလိုက်သေစေနိုင်တဲ့ အမေရိကန်လုပ် ကလက်စတာဒုံးကျည်တွေ ယူကရိန်းကို ရောက်ရှိနေပြီလို့ နှစ်ဘက်စစ်ရေးအရာရှိတွေက ပြောပါတယ်။ “ကျွန်တော်တို့က အဲဒါတွေကို အခုပဲရထားပြီးပါပြီ၊ အဲဒါတွေကို မသုံးရသေးဘူး၊ ဒါပေမယ့် စစ်မြေပြင်ကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်” လို့ ဗိုလ်မှူးချုပ် အိုလက်ဇန်းဒါး တာနဗ်စကီက…

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ကွဲလွဲနေတယ်လို့ NLD အသိပေး

ရန်ကုန် – ဇူလိုင်(၁၄) စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အချက်တွေမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီးခံထားရချိန်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သဘောထား၊ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာမဟုတ်သလို ပြည်သူလူထုကိုသာ အခြေခံပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်မှာမဟုတ်ဘူးဆိုတဲ့ အချက်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ…

စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ NUG နဲ့ ကနေဒါ လွှတ်တော်အတွင်းရေးမှူးတွေ့ဆုံဆွေးနွေး

မော်လမြိုင် – ဇူလိုင်(၁၄) အာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေပိုမိုလုပ်ဆောင်ဖို့အတွက် ကနေဒါနိုင်ငံ ပြည်ထောင်စုလွှတ်တော်အတွင်းရေးမှူးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ကနေဒါနိုင်ငံအစိုးရက NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုထားတာပါ။ တွေ့ဆုံပွဲမှာ ကနေဒါနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုခဲ့သလို အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ…

လောင်းလုံးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

လောင်းလုံး၊ ဇူလိုင်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အရပ်သားပြည်သူ ထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး နာခံတောကျေးရွာ ကနေတဆင့် ခမောင်းတောင်ကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်မှုပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက်…

စစ်အာဏာသိမ်း (၈၉၃)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၉၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၄) AAPP ရဲ့ ဇူလိုင်(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၃)ရက်အတွင်း ပြည်သူ (၃၇၉၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၈၅၅ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်အရက်မူးပြီး ကားနဲ့တိုက်လို့ ဒေသခံ ၅ ဦးဒဏ်ရာရ

သိမ်ဇရပ်၊ ဇူလိုင်(၁၄) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်မျိုးသီဟဟာ ဇူလိုင် ၁၂ ရက်နေ့မှာ အရက်မူးပြီး သူတို့စီးလာတဲ့ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တောင်းတံတာအဟောင်းထိပ်ကနေ အရက်မူးပြီးကားမောင်းလာတဲ့ ဒုရဲအုပ်မျိုးသီဟဟာ သိမ်ဇရပ်အမှတ် ၃ ရပ်ကွက်အရောက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းရဲ့ သမီး၊…