ဂျကာတာ – ဇူလိုင်(၁၂) 

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်တာမရှိဘူးလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

အမြင့်ဆုံးသံအမတ် ဝန်ရီ သာ ဂျကာတာအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်အဖြစ် တက် ရောက်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင်တို့က ရိုက်တာကို ပြောပါတယ်။ 

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်ဟာ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံဖို့ စီစဉ်ထားပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံဒေသ တွင်း ဖိုရမ်ကို သောကြာနေ့မှာ ကျင်းပဖို့ ရှိနေတာပါ။ 

“နိုင်ငံတော်အတိုင်ပင်ခံဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ချင်ဂန်သည် ကျန်းမာရေး ကြောင့် အာဆီယံဝန်ကြီးများအစည်းအဝေးကို တက်ရောက်တော့မည်မဟုတ်ပါ”လို့ ဝန်ဝီဘင်က ပြောခဲ့ပါတယ်။ 

အသက်(၅၇) နှစ်အရွယ် ချင်ဂန်ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ရယူပြီးနောက် သီရိလင်္ကာ၊ရုရှားနဲ့ ဗီယက်နမ်တို့က အာဏာပိုင်တွေနဲ့ ဘေဂျင်းမှာ ကျင်းပတဲ့ အစည်းအဝေးနောက်ပိုင်း လူမြင်ကွင်းက ပျောက်ကွယ်နေတာဖြစ်ပြီး အာဆီယံအစည်းအဝေး မတက်ရောက်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာထားတာတော့မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချင်ဂန်ဟာ ဥရောပသမဂ္ဂ နိုင်ငံခြားငွေမူဝါဒအကြီးအကဲနဲ့ ဘေဂျင်း မှာ တွေ့ဆုံခဲ့တယ်လို့ ယူဆခဲ့ပေမယ့် ရက်သတ်မှတ်ချက်မှာ မဖြစ်နိုင်တဲ့အတွက် အဲဒီအစည်း အဝေးကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ဂျကာတာမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်လည်း တက်ရောက်မှာဖြစ်တဲ့အတွက် အမေရိကန် နဲ့ တရုတ်အစိုးရတို့ကြား တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဖြစ်တယ်လို့လည်း ဖော်ပြနေကြပါတယ်။ 

ဘလင်ကန်၊ချင်ဂန်နဲ့ ဝန်ရီတို့ဟာ လွန်ခဲ့တဲ့ လအတွင်း ဘေဂျင်းမှာ တွေ့ဆုံခဲ့ကြပြီးနောက် (၅) နှစ်အတွင်း အမေရိကန်အရာရှိဟာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.