ဘာလင်း – ဇူလိုင်(၁၁) 

ဂျာမနီနိုင်ငံဟာ ဒေသတွင်း တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေတာကို အာရုံစိုက်နေတဲ့အတွက် တခြား နိုင်ငံ(၁၂) နိုင်ငံက စစ်မှုထမ်း (၃၀၀၀၀) နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်စိတ် တစ်ပိုင်း အဖြစ် ဩစတြေးလျကို တပ်ဖွဲ့ဝင်တွေ ပထမဆုံးအကြိမ်စေလွှတ်သွားမှာဖြစ်ပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်း ဂျာမနီဟာ အင်ဒို-ပစိဖိတ်ဒေသမှာ စစ်ရေးအရ ပိုမိုအားကောင်းလာခဲ့ပြီး ဒါဟာ လုံခြုံရေးနဲ့ စီးပွားရေးအကျိုးအမြတ်တွေကြား တင်းကြပ်စွာ လျှောက်လှမ်းနေခြင်းကို ဆိုလိုတာလည်း ဖြစ်ပါ တယ်။ 

“ဒါဟာ ဂျာမဏီအတွက်ရော ဥရောပသမဂ္ဂအတွက်ပါ စီးပွားရေးအရ မှီခိုနေရတာကြောင့် ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ ဒေသတစ်ခုပါ” လို့ တပ်မတော်အကြီးအကဲ အယ်လ်ဖွန်မိုင်းစ်က ဇူလိုင် (၁၀) ရက်နေ့မှာ ပထမဆုံး ဂျာမန်တပ်တွေ မထွက်ခွာမီ နာရီပိုင်းအလိုတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ဘာလင်ရဲ့အရေးအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ဥရောပရဲ့နိုင်ငံခြားကုန်သွယ် မှု (၄၀) ရာခိုင်နှုန်းဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း နယ်မြေအငြင်းပွားမှုတွေအတွက် အချက် အခြာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် ရေလမ်းကိုအသုံးပြုပြီး ကုန်စည်ဖြတ်သန်းစီးဆင်းနေ တာလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ဂျာမန်စစ်သင်္ဘောတစ်စင်းဟာ အနှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ် ပင်လယ်ထဲကို ရွက်လွှင့်ခဲ့ပြီး ယမန်နှစ်ကလည်း ဘာလင်ဟာ သြစတြေးလျလေ တပ်ရဲ့ အကြီးမားဆုံး ငြိမ်းချမ်း ရေးတပ်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ စစ်လေယာဉ် (၁၃) စင်းစေလွှတ်ခဲ့ပါသေးတယ်။

 ဇူလိုင်လ (၂၂) ရက်မှ သြဂုတ်လ (၄) ရက်နေ့အထိ ပြုလုပ်မယ့် သြစတြေးလျနဲ့ အမေရိကန်တို့ ကြား အကြီး မားဆုံး စစ်ရေးလေ့ကျင့်မှုမှာ လေထီးသမား (၁၇၀)၊ ရေတပ်သား (၄၀) အပါအဝင် ဂျာမန်စစ်သား (၂၄၀) အထိလည်း ပါဝင်မှာဖြစ်တယ်လို့ တပ်မတော်အကြီးအကဲက ဆိုပါတယ်။

 ဂျာမန်ဟာ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်နဲ့ ဗြိတိန်တို့လို နိုင်ငံတွေက စစ်သားတွေနဲ့အတူ တောတွင်းစစ်ဆင်ရေးနဲ့ ကုန်းကြောင်းစစ်ဆင်ရေးတွေမှာလည်း ပူးပေါင်း လေ့ကျင့်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

“ဒေသတွင်းက စည်းမျဉ်းတွေကို အခြေခံတဲ့၊ စည်းကမ်းတွေကို တည်ငြိမ်အောင် ပံ့ပိုးပေးမယ့် ယုံကြည်စိတ်ချ ရပြီး စွမ်းဆောင်ရည်ရှိတဲ့ မိတ်ဖက်တွေဖြစ်ကြောင်းကို ပြသဖို့ ရည်ရွယ်ထားပါတယ်” လို့ သူက ထပ်လောင်း ပြောပါတယ်။ 

ဩစတြေးလျသို့ ဂျာမန်တပ်တွေပထမဆုံးစေလွှတ်မှုဟာ တရုတ်ထံ ပေးပို့ဖို့ ရည်ရွယ်ထားတဲ့ သတင်းစကား တစ်ခုလားဆိုတဲ့အပေါ် မေးမြန်းတဲ့အခါမှာတော့ ဘာလင်က ဘယ်သူ့ကိုမှ ရန်စဖို့ မရည်ရွယ်ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 “ကမ္ဘာကြီးအပေါ် အခြားသူတွေရဲ့ ရှုထောင့်ကို သိခွင့်ရခြင်းသည် ယေဘုယျအားဖြင့်တော့ အဓိပ္ပာယ်ရှိပါတယ်” လို့ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သူက ပြောကြားပြီး လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေဟာ ၁၉၉၀ ခုနှစ်မတိုင်မီက ထက် ပိုမိုရှင်းလင်းပြတ်သားမှု နည်းပါးကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

 “စစ်အေးခေတ်က လွယ်ပါတယ်၊ အဲဒီတုန်းက ဝင်ရိုးစွန်းနှစ်ဖက်ကမ္ဘာကြီးပါ။ ဒီနေ့ခေတ်မှာတော့ ဥရောပကိုပဲ အာရုံစိုက်လို့မရတော့ဘူး၊ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ပိုကျယ်ပြန့်အောင် လုပ်ဆောင်ရမယ်” လို့ စစ်ဦးစီးချုပ်က အလေးပေးပြောဆိုခဲ့ပါတယ်။ 

စစ်ဦးစီချုပ်ဟာ ဩစတေးလျရှိ ဂျာမန်တပ်တွေထံ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဂျပန်နဲ့ စင် ကာပူသို့ မသွားရောက်မီ ဇူလိုင်လလယ်မှာတော့ နှစ်ဖက်တပ်တွေအတွက် ဘောက်ဆာသံချပ်ကာယာဉ်တွေ တပ်ဆင်တဲ့ စက်ရုံသို့သွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.