NATO Secretary-General Jens Stoltenberg, U.S. President Joe Biden and British Prime Minister Rishi Sunak walk as they prepare to pose for a family photo with other NATO leaders, and other officials, ahead of a NATO leaders summit, in Vilnius, Lithuania July 11, 2023. REUTERS/Yves Herman - RC2Z02A14OSK

မော်စကို – ဇူလိုင်(၁၂) 

နေတိုးခေါင်းဆောင်တွေက စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်လာမယ့် အလားအလာနဲ့ ပတ်သက် ပြီး ယူကရိန်းကို အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပေးပို့ဖို့ ပြင်ဆင်နေချိန်မှာ စစ်ပွဲ ပိုမို ပြင်းထန်လာရင် ဥရောပအတွက် ကပ်ဘေးပိုများလာနိုင်တယ်လို့ ရုရှားက သတိပေးခဲ့ပါတယ်။

 လွန်ခဲ့တဲ့ (၁၇) လနီးပါးက ယူကရိန်းကို ကျူးကျော်ဖို့ဆုံးဖြတ်ခဲ့တာဟာ နေတိုးရဲ့ အရှေ့ဘက် ခြေဆန့်မှုကို ဟန့်တားဖို့ဖြစ်သလို မဟာမိတ်အဖွဲ့မှာ ယူကရိန်းပါဝင်ခဲ့ပါက ရုရှားရဲ့လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့ အတွက် ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ကရင်မလင်နန်းတော်က ဆိုပါတယ်။

 နေတိုးထိပ်သီးအစည်းအဝေးမတိုင်ခင် ဗီယင် နာအခြေစိုက် ရုရှားလုံခြုံရေးညှိနှိုင်းရေးမှူးက အမေရိကန်ဟာ ယူကရိန်းနိုင်ငံထဲကို လက်နက် တွေဖြည့်တင်းပြီး ပဋိပက္ခကိုလှုံ့ဆော်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။

 ရုရှားနိုင်ငံပိုင်သတင်းဌာန RIA နဲ့ အင်တာဗျူးမှာစစ်ပွဲတွေပိုမိုပြင်းထန်လာပါက ဥရောပဟာ ကပ်ဘေးဆိုးတွေကို ပထမဆုံး ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ဆိုကာ အကျိုးဆက်တွေဘယ်လို ဖြစ်လာမယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိ ပါဘူး။

 “ဖြစ်ရပ်မှန်တွေကို ကြည့်လိုက်ရအောင်၊ ဥရောပရဲ့ ကံကြမ္မာက အမေရိကန်အတွက် စိတ်ဝင်စားစရာ သိပ်မကောင်းပါဘူး” လို့ ဆိုကာ အမေရိကန်က ရုရှားအားပျော့သွားစေဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်းစုဆိုင်ရာ ရုရှားသံအမတ်ကြီးက ထိပ်သီးအစည်းအဝေးမှာ အမေရိကန်ရဲ့ ရုရှားဆန့်ကျင်းရေး ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါသေးတယ်။ 

“လာမည့်ရက်များအတွင်း ဗေးနီးယပ်စ်တွင်ပြုလုပ်မယ့် ရုရှားဆန့်ကျင်ရေးဆုံးဖြတ်ချက်များ အတည်ပြုရန်အတွက် ဒေသတွင်းလူထု၏ ထင်မြင်ယူဆချက်ကို ပြင်ဆင်ရန် အရာအားလုံးကို လုပ်ဆောင်နေတယ်” လို့ သံအမတ်ကြီး က သံရုံးတယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။ 

RIA ရဲ့ ဖော်ပြချက်တွေအရ ဘယ်လဂျီယံနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒရားက အစီအစဉ်တွေဟာ မော်စကိုနဲ့ နေတိုးတို့ကို ထိပ်တိုက်တွေ့ဆုံမှု ပိုမိုကြာရှည်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

“အမေရိကန်နှင့် နေတိုးတို့ နှစ်ဖက်စလုံးက ဒီအချိန်ဟာ ၎င်းတို့အတွက် အလုပ်မဖြစ်ဘူးဆိုတာကို နားလည်ကြပါတယ်၊ ယူကရိန်းမှာ သူတို့တွေ ရှုံးနိမ့်နေကြပြီ” လို့ညှိနှိုင်းရေးမှူးက ပြောပါတယ်။

 ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ မျှော်လင့်ထားတာထက် ပိုမိုနှေးကွေး လာပေမယ့် ယူကရိန်းစစ်တက်ြ ပြိုကွဲနေတဲ့ အရှေ့ပိုင်း ဘက်မောက်မြို့က ရုရှားတပ်တွေကို ထောင်ချောက်အတွင်း ပိတ်မိစေခဲ့ တယ်လို့ စစ်ဘက်ဆိုင်ရာက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.