နယူးယောက် – ဇူလိုင်(၁၀)
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက်မြန်မာတွေ တွေ့ဆုံခဲ့ကြတယ်လို့ NUCBC က သတင်းထုတ် ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့က တွေ့ဆုံပွဲကျင်းပခဲ့တာဖြစ်ပြီး ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် လာမယ့် ဇူလိုင်လအတွင်း မြန်မာလူမျိုးတွေနဲ့ ထပ်မံတွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – NUCBC