ဘန်ကောက် – ဇူလိုင်(၁၁) 

ထိုင်းနိုင်ငံအတွင်းမှာ တရုတ်ပိုင်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေက ဒေါ်လာ ၁.၄၄ ဘီလီယမ်အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ရှိကာ ကနဦးလုပ်ငန်းလည်ပတ်ရေး အတွက် အဆောက်အဦးတွေ တည်ဆောက် ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုလှိုင်းအသစ်ဟာ ထိုင်းအစိုးရက ကျောထောက်နောက်ခံပြုပေးနေတာဖြစ်ပြီး တရုတ်ပိုင်လုပ် ငန်းစုတွေကိုလည်း မက်လုံးပေးသလို ဖြစ်စေခဲ့တာပါ။ 

၂၀၃၀ခုနှစ် အမီ ထိုင်းနိုင်ငံရဲ့ နှစ်စဉ်ကားထုတ်လုပ် မှုလုပ်ငန်းတွေမှာလည်း EV လျှပ်စစ်ကား ၃၀ရာခိုင်နှုန်းပါဝင်ရေး ရည်ရွယ်ချက်ကို ပြည့်မီစေဖို့ ဦးတည် တာလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့အကြီးစား EV ထုတ်လုပ်ရေး ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ အတွက် အဆောက် အဦးတည်ဆောက်စားရိတ်အနေနဲ့ ဘတ်ငွေ ၁၇.၉ ဘီလီယမ်ကို ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ကားအစီးရေ ၁၅၀,၀၀၀ ကို ထုတ်လုပ်ဖို့ စတင်မှာဖြစ်ပါတယ်။ 

ကားတွေထဲက တချို့ကို အရှေ့တောင်အာရှနဲ့ အခြားဥရောပနိုင်ငံတွေကို တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လာမယ့်နှစ်အတွင်း NETA V လျှပ်စစ်ကား အမျိုးအစားတွေကို ထိုင်းနိုင်ငံအတွင်းမှာပဲ ထုတ်လုပ်နိုင်ဖို့အတွက် တရုတ်ရဲ့ Hozon New Energy Automobile ဟာ ထိုင်းနိုင်ငံရဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Bangchan General Assembly ကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။ 

တရုတ်အစိုးရပိုင် Chongqing Changan Automobile ဟာ ညာမောင်းလျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ဘတ်ငွေ ၉.၈ ဘီလီယမ် မြှုပ်နှံသွားမှာဖြစ်ပြီး GAC Aion ကတော့ ထိုင်းနိုင်ငံ အတွင်း လျှပ်စစ်ကားထုတ်လုပ်ဖို့ ဘတ်ငွေ ၆.၄ ဘီလီယမ် ရင်းနှီးမြှုပ်နှံသွားဖို့ရှိနေတာပါ။ 

အဲဒီကုမ္ပဏီတွေကတော့ ထိုင်းနိုင်ငံအတွင်း ဆောင်ရွက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ 

ဒါ့အပြင် တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေက သက်ဆိုင်ရာနိုင်ငံနဲ့ ကိုက်ညီမယ့်ကား အမျိုးအစားကို တင် သွင်းမှုအပါအဝင် ဒေသတွင်း ထုတ်လုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်း သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ကနဦးအဆင့်ပြင်ဆင်မှုတွေကို ဆောင်ရွက်ထားပြီဖြစ်ပါတယ်။

 ဒီလိုဝင်ရောက်မှုဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးကားထုတ်လုပ်ရေးဈေးကွက်ကို ပိုင်ဆိုင်ထား တဲ့ ထိုင်းနိုင်ငံအတွင်း EV မော်တော်ယာဉ်တွေ ရေပန်းစားမှုကို မြှင့်တင်ဖို့ ကူညီပေးရာရောက်မယ်လို့လည်း ထင်မြင်ယူဆနေကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.