July 8, 2023

ပဲခူးခရိုင် ဗ.က.သ ဒုဥက္ကဋ္ဌကို စစ်ကောင်စီတပ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ပြန်

ပဲခူး – ဇူလိုင်(၈) ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် ကျိုက်ဇကော အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ပဲခူးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ) ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင် ကို စစ်ကောင်စီဘက်က သတ်ဖြတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၈) ရက်နေ့က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကျိုက်ဇကော ထောင်ကခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့မှာ…

ဆန္ဒပြလူငယ်တွေ အဖမ်းခံရတဲ့ပုံကိုသုံးပြီး ဆေးစွဲနေသူတွေလို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်နေ(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရန်ကုန်တိုင်းအတွင်း လူငယ်များ မူးယစ်ဆေးသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဆိုတဲ့” အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို, MYANMAR…

ဘီးလင်းကျုံအိတ်တံတားလာပြင်တဲ့အဖွဲ့ တိုက်ခိုက်ခံရ

မော်လမြိုင်၊ ဇူလိုင်(၈) မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်း ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဇူလိုင် ၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄…

ထားဝယ်မှာ ဒေသခံ ၁ ဦး ပစ်သတ်ခံရပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ထားဝယ်၊ ဇူလိုင်(၈) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ပြီး ၅ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှာ သင်္ကန်းတုံးကျေးရွာကနေ မြင်းမတ်တပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ…

စစ်အာဏာသိမ်း (၈၈၇)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၅၇ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၈) AAPP ရဲ့ ဇူလိုင်(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၇)ရက်အတွင်း ပြည်သူ (၃၇၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၅၉ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

KIO နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာ

ဗန်းမော်၊ ဇူလိုင်(၈)ကချင်ပြည်နယ် လိုင်ဇာခရိုင်အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားထပ်မံ ဖြည့်တင်းလာတာကြောင့် နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၄) နဲ့ ရွှေမင်း ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) နယ်မြေ…

အာဏာသိမ်းကာလ လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရ

ရန်ကုန်၊ ဇူလိုင်(၈) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံအရေးတင်ပြစဉ် လူမှုကယ်ဆယ်ရေးသမားတွေ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို တင်ပြခဲ့တာပါ။ သတ်ဖြတ်ခံရတဲ့…

ကျောက်ကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြား

ကျောက်ကြီး၊ ဇူလိုင်(၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တာဆုံကိုရောက်ရှိလာတဲ့…