July 2, 2023

ဘီးလင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရလို့ (၇) ဦးသေဆုံး

ဘီးလင်း – ဇူလိုင်(၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက နေရာ(၃) နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်မှုမှာ (၇) ဦးသေဆုံးပြီး (၁၁)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNU သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကိုလာတဲ့ စစ်ကား (၅) စီးပါ ယာဉ်တန်းကို…

ရခိုင်ပြည်နယ်က မီးလိုင်းတွေပြုပြင်တာ ပြီးစီးတော့မယ်ဆိုတဲ့ စစ်ကောင်စီထုတ်ပြန်ချက် လိမ်လည်မှုသာဖြစ်

စစ်တွေ – ဇူလိုင်(၁) ရခိုင်ပြည်နယ်မှာ မုန်တိုင်ကြောင့်မြို့တွေနဲ့ ကျေးရွာတွေက ပျက်စီးသွားတဲ့ မီးလိုင်းတွေကို ပြုပြင်ထိန်းသိမ်းတာ (၅၀) ရာခိုင်နှုန်းပြီးစီးသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်လာတာဟာ လိမ်လည်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အခုချိန်ထိ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး (၂) လဝန်းကျင်အထိ ဒေသခံတွေဟာ လျှပ်စစ်မီးမရရှိသေးဘဲ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်ကိုသာ အဓိကအားထားနေရတာပါ။ ဆိုလာကိုအဓိကအားကိုးပြီး အသုံးပြုနေရပေမယ့် လက်ရှိအချိန်ဟာ…

စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲမှာ ပါဝင်အားဖြည့်သူတွေကို လူမိုက်အားပေးလို့ ဆရာတော် မင်းသုညမိန့်ကြား

နေပြည်တော် – ဇူလိုင်(၁) ပြည်သူတွေကိုနည်းမျိုးစုံနဲ့ အနိုင်ကျင့်နှိပ်စက်နေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည်ထားတဲ့ နေပြည်တော်ကမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လှူဒါန်းကြတဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေဟာ လူမိုက်အားပေးတာဖြစ်တယ်လို့ ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်က မိန့်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၉) ရက်နေ့က ပြည်တွင်းထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်လာမယ့် ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ရှင်းလင်းပြီးနောက်လာရောက်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် (၁၀၁) ဦးက အလှူငွေ…

တနင်္သာရီမြို့ကို စစ်တပ်အင်အား(၂၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေ

တနင်္သာရီ – ဇူလိုင်(၂) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က အင်အား (၂၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေလို့ အနီရောင်အဆင့် သတ်မှတ်တပ်လှန့်ထားတယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့က စစ်ကြောင်းစတင်ဝင်ရောက်ခဲ့တဲ့ ဘန်းလမွတ်ရွာမှာ ဒေသကာကွယ် ရေး ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံနေအိမ် (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။…

တရုတ်စီးပွားရေးရှိတဲ့မြို့တွေမှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်လျော့ကျ

မော်လမြိုင် – ဇူလိုင်(၂) မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းအကောင်အထည်ဖော်နေတဲ့ မြို့နယ်တွေနဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း အကောင်အထည်ဖော်ဖို့စီစဉ်ထားတဲ့ မြို့တွေမှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့နည်းသွားတယ်လို့ ISP – Myanmar က ဇွန်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ဒီနှစ် မေလ(၃၁) ရက်နေ့အထိ တရုတ်-မြန်မာ နှစ်နိုင်ငံ စီမံကိန်းတွေလုပ်ဖို့ စီစဉ်ထားတဲ့ မြို့နယ်တွေနဲ့…

စစ်တွေမှာ ALP ပါတီ တပ်ရင်းမှူး အဆင့်အပါအဝင် (၆) ဦးပစ်ခတ်ခံရ (၃) ဦးသေဆုံး

စစ်တွေ – ဇူလိုင် (၁) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ တက္ကသိုလ်ကျောင်းအနီးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီဝင်တွေ စီးနင်းလာတဲ့ ကားပစ်ခတ်ခံရပြီး (၃) ဦးသေဆုံးကာ (၃) ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇူလိုင်လ(၁) ရက်နေ့ နေ့လည်ပိုင်းက ALP ပါတီက တပ်ရင်းမှူး အဆင့်ရှိသူ…