Rescuers carry a body bag with a victim through the rubble of collapsed buildings during a rescue operation after earthquake hit in Cianjur, West Java province, Indonesia, November 22, 2022, in this photo taken by Antara Foto. Antara Foto/Yulius Satria Wijaya/ via REUTERS

ဂျာကာတာ၊ ဇူလိုင်(၂) 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြင်းအား ၆.၄ မဂ္ဂနီကျု အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။

 ငလျင်လှုပ်ခတ်နေချိန်မှာပဲ လူတစ်ဦးနှလုံးဖောက်သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျှော့ချ ရေးအေဂျင်စီ ကပြောကြားခဲ့ပါတယ်။ 

ငလျင်လှုပ်ခတ်မှုကြောင့် ယိုရာကာတာဒေသနဲ့ ဂျာဗားခရိုင်ဒေသန္တရ ဗဟိုနေရာရှိ အိမ်တွေ၊ ရုံးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာနေရာတွေမှာ အသေးစားပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ အဒူ မူဟာရီ က ရိုက်တာသတင်းဌာနကို ဇူလိုင်(၁)ရက်နေ့မှာ ပြောကြားခဲ့တာပါ။ 

အင်ဒိုနီးရှားဘူမိရူပအေဂျင်စီရဲ့ ပြောကြားချက်အရ ငလျှင်ဟာ မြေအောက်အနက်ပေ ၂၅ ကီလိုမီတာ ရောက်ရှိခဲ့ပြီး ယိုယာကာတာနဲ့ ဂျာဗားခရိုင်ဒေသန္တရ အရှေ့ဘက်ရှိ မြို့တွေပေါ်ကို သက်ရောက်ခဲ့ကာ အဲဒီဒေသတွေဟာလည်း အင်ဒိုနီးရှားရဲ့အကျော်ကြားဆုံးကျွန်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။ 

ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့ပေမယ့်လည်း ဆူနာမီသတိပေးချက်တော့ထုတ်ပြန်ခဲ့ရခြင်း မရှိခဲ့ဘူးလို့ သိရ ပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးတောင်ကွင်းပေါ်မှာ တည်ရှိပြီး ကမ္ဘာ့မြေထုချပ်အများပြား ထိတွေ့တိုက်ဆိုင်နေတဲ့နေရာတွေလည်း ဖြစ်ပါတယ်။ 

အဲဒီနေရာဟာ ငလျင်ဇုံတစ်ရပ် အဖြစ် အမြင့်ဆုံး အသက်ဝင်နေလျှက်ရှိသလို ငလျင်လှုပ်ခတ်မှုတွေနဲ့ မီးတောင်ပေါက်ကွဲမှုတွေလည်း မကြာခဏဆိုသလို ရှိနေတာဖြစ်ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.