မော်လမြိုင် – ဇူလိုင်(၁)

စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်တော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

အမှတ်(၂) စစ်ဒေသခွဲအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေဖို့အတွက် အခုလို ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်း၊ ပဲခူး- စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံ လမ်းပိုင်းတို့ကို နေ့စဉ် မနက် (၆) နာရီ ကနေ ညနေ(၆) နာရီအတွင်းသာ သွားလာကြဖို့ အသိပေးထားပါတယ်။

သတ်မှတ်လမ်းပိုင်းတွေမှာ နေ့အချိန်သွားလာရာမှာ မော်တော်ယာဉ်တွေကို မှန်ချပြီး မောင်းနှင်ဖို့ နဲ့ တာဝန်အရ စစ်ဆေးတာတွေကို ကြည်ဖြူစွာ လက်ခံဖို့ အပါအဝင် ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်လာမှုမရှိပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို စစ်ဒေသခွဲ(၂) က တာဝန်ယူမှာ မဟုတ်ဘူးလို့ အသိပေးထားတာပါ။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုင်ငံအနှံ့လက်နက်ကိုင် ခုခံတိုက်ပွဲဝင်ရာကနေ တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်အနေအထား ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.