June 2023

ပြည်သူ့အင်အားကို စစ်မိစ္ဆာတွေ မနိုင်ဘူးဆိုတာ သက်သေပြရမယ်လို့ ဒုဝန်ကြီး နိုင်ကောင်းရွက်ပြော

မော်လမြိုင် – ဇွန်(၂၆) ပြည်သူတွေရဲ့ အင်အားကို စစ်မိစ္ဆာတွေ မနိုင်ဘူးဆိုတာ သက်သေပြပြီး အနိုင်ရတဲ့အထိ တော်လှန်သွားမှာဖြစ်သလို ပြည်သူတွေကို သစ္စာခံရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပ.က.ဖ) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်ကို ပေးပို့တဲ့ သတင်းစကားမှာ အခုလိုပြောခဲ့တာပါ။ တော်လှန်ရေးရဲ့ အဆုံးသတ်ဟာ…

ရေးမြို့နယ် နှစ်ကရင်ကျေးရွာကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲ၊ အရပ်သားထိခိုက်သေဆုံးမှု များနိုင်

ရေး – ဇွန်(၂၅) မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု‌ကြောင့် ကနဦး အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇွန်လ(၂၅) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်မှာ နှစ်ကရင်ကျေးရွာက စစ်ကောင်စီ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ…

“PDF ဖြစ်ပေါ်လာဖို့အတွက် စစ်ကောင်စီက ဖန်တီးပေးလိုက်တာ”

နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ လက်နက်ကိုင်တပ်မတော်သားတွေနဲ့ ရင်ဆိုင် တိုက်ခိုက်တာမဟုတ်ဘဲ လက်နက်မဲ့ အရပ်သားပြည်သူတွေ၊ ရဟန်းတွေ နိုင်ငံဝန်ထမ်းတွေကို သတ်ဖြတ်နေတာလို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက စွပ်စွဲလိုက်ပါတယ်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး…

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးပြန်လာတဲ့ ABSDF တပ်ဖွဲ့ အောင်သပြေနဲ့ ကြိုဆိုခံရ

ပုလဲ – ဇွန်(၂၅) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး ပြန်လာတဲ့ ABSDF နဲ့ ပုလဲမြို့နယ် ပ.က.ဖ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်လို့ ABSDF Column – 3 ကထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနီးကို (၁၀) ရက်ကျော် စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းက ပြည်သူပိုင်…

နွေဦးတော်လှန်ရေးထောက်ပို့အဖွဲ့တွေနဲ့ NUG တွေ့ဆုံ

နယူးယောက် – ဇွန်(၂၅) အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေနဲ့ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အခမ်းအနား ကို…

KNU နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့

ကော့ကရိတ်၊ ဇွန်(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့မေလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲပေါင်း (၄၀၀) ကျော်ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရုံးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ KNU ကာကွယ်ရေးဌာနအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား မေလအတွင်း တိုက်ပွဲပေါင်း…

မော်လမြိုင်မှာထောင်သစ်တစ်ခု စစ်ကောင်စီတည်ဆောက်နေ

မော်လမြိုင်၊ ဇွန်(၂၅) အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဆန့်ကျင်ခဲ့ကြသူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီက မွန်ပြည်နယ် မော်လမြိုင်မှာ အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအချုပ်ထောင်သစ်ကိုတော့ မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာမှာ တည်ဆောက်နေတာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီးလို့ သိရပါတယ်။ လက်ရှိဆောက်လုပ်နေတဲ့ အချုပ်ထောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်လုပ်နေခဲ့တာဖြစ်ပြီး အဲဒီအနီးအနားတဝိုက် ကား၊…

အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိနေ

ရန်ကုန်၊ ဇွန်(၂၅) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ လာမယ့်ရက်ပိုင်းအတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့(NSPNC) ရဲ့ ဖိတ်ကြားချက်အရ လာမယ့် ဇွန် ၂၆ ကနေ ၂၈…

စစ်ခေါင်းဆောင်သတိပေးထားပေမယ့် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံမှုတွေပိုဆိုးလာ

မော်လမြိုင်၊ ဇွန်(၂၅) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်စည်ပို့ဆောင်တဲ့ လမ်းခရီးဂိတ်တွေမှာ ငွေကြေးမကောက်ခံဖို့ သတိပေးထားပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်ရဲ့ ငွေ ကြေးကောက်ခံမှုတွေ ပိုဆိုးလာတယ်လို့ ခရီးသွားတွေနဲ့ ကုန်စည်ပို့ဆောင်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်က ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေရတာဟာ လမ်းခရီးတွေမှာရှိတဲ့ ဂိတ်တွေမှာ မလို လားအပ်တဲ့ ကုန်ကျစရိတ်တွေရှိနေတာကြောင့်ဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေဖို့အ တွက် ပြည်နယ်နဲ့တိုင်းအလိုက် တာဝန်ရှိသူတွေက အလေးထားကြပ်မတ်ဆောင်ရွက်သွားဖို့…