June 2023

တိုက်ပွဲမဖြစ်ဖူးတဲ့ အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ဆွေးနွေး

နေပြည်တော်၊ ဇွန်(၂၈) အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသေးတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ဆွေးနွေးနေတယ်လို့ စစ်တပ်ထိန်းချုပ်တဲ့ သတင်းစာမှာ ဖော်ပြပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် (EAO) ၅ ဖွဲ့ဟာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ ဖိတ်ခေါ်ချက်အရ ဇွန်…

ရေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်လေကြောင်း အသုံးပြုတိုက်ခိုက်နေ

ရေး၊ ဇွန်(၂၈) မွန်ပြည်နယ် ရေးမြို့နယ်အောင်သာယာကျေးရွာနဲ့ ကနင်းကမော့ကျေးရွာကြားမှာ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ညနေပိုင်းမှာ အောင်သာယာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက်…

စင်ကာပူနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူတစ်ထောင်ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့

မနီလာ၊ ဇွန်(၂၈) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အွန်လိုင်းကာစီနို အလုပ်လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံခဲ့ရသူလူဦးရေ ၁၀၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မြို့တော်မနီလာရှိ အဆောက်အဦးအဝန်းအဝိုင်းတစ်ခုကို ဇွန်(၂၆)ရက် တနင်္လာနေ့ညမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ချိန်မှာ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံသားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ဒီလိုလူကုန်ကူးခံရသူတွေဟာ အွန်လိုင်းဂိမ်းလုပ်ငန်း အကူဝန်ထမ်းတွေအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ…

အာဖဂန်မှာ တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း အရပ်သား (၁၀၀၀) ကျော်သေဆုံး

ကဘူးလ် – ဇွန်(၂၈) အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ပွဲ၊လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ပါက အသေအပျောက် သိသိသာသာ လျော့ကျသွားပေမယ့် တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှု တွေမှာ အရပ်သားသေဆုံးမှု သိသိသာသာ များပြားလာတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်(UNAMA) က ၂၀၂၁ ခုနှစ် ဩဂုတ်လ((၁၅) ရက်နေ့…

ယူကရိန်းလေပိုင်နက်မှာ ပစ်ချခံရတဲ့ မလေးရှား လေယာဉ်နဲ့ ဆက်စပ်သူ (၃) ဦးကို ဩစတြေး လျ ပိတ်ဆို့အရေးယူ

ကန်ဘာရာ – ဇွန်(၂၈) ယူကရိန်းကို ဖြတ်ကျော်ခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းရဲ့Flight 17 (MH17) ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သူ(၃) ဦးကို ဩစတြေးလျနိုင်ငံက ဘဏ္ဍာရေးနဲ့ ခရီးသွားလာ ခွင့် ပိတ်ဆို့ လိုက်တယ်လို့ ဝန်ကြီး မစ္စပန်နီဝန်က ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့က အမ်စတာဒန်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့…

စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် Pact Myanmar ချေးငွေ လုပ်ငန်းပိတ်သိမ်းပြီး မြန်မာပြည်ကအပြီးထွက်မယ်လို့ကြေညာ

ရန်ကုန်၊ ဇွန်လ (၂၇) မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၁၅၀၀၀ ခန့်နဲ့ ကျေးလက်နေပြည်သူ ၂ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့တဲ့ ချေးငွေလုပ်ငန်းဖြစ်တဲ့ Pact Global Microfinance Fund ( PGMF) လုပ်ငန်းဟာ စစ်ကောင်စီရဲ့ မလျော်ကန်တဲ့ ဖိအားပေးမှုတွေကြောင့် မှတ်ပုံတင်သက်တမ်းမတိုးတော့ဘဲ ရရန်ရှိတဲ့ချေးငွေတွေကိုပါလျော်ပစ်ပြီး နိုင်ငံအတွင်းက ထွက်ခွာတော့မယ်လို့ တရားဝင်…

ကော့ကရိတ်မှာ စစ်တပ်လက်နက်ကြီးပစ်လို့ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီး

ကော့ကရိတ်၊ ဇွန်(၂၇) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ကော့ကရိတ်မြောက်ပိုင်း ကြောင်သျှာကုန်းကျေးရွာထဲကို ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနေအိမ် ၂ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် ဇွန် ၉…

ရေးမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ၊ တစ်ဦးဒဏ်ရာရ

ရေး၊ ဇွန်(၂၇) မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာမှာ ဇွန် ၂၆ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး ဒေသခံအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၆၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ဟာ ဇွန်(၂၆)ရက်နေ့လည် ၁၂ နာရီအချိန်လောက်မှာ ကျေးရွာအတွင်းရှိ နာရေးတစ်ခုကို လိုက်လံပို့ဆောင်ချိန် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်…