June 2023

NUG ကြားကာလ ဗဟိုဘဏ် စတင်တည်ထောင်

မော်လမြိုင် – ဇွန်(၂) မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိရောက်စွာ တည့်မတ်နိုင်ဖို့အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလ ဗဟိုဘဏ် (Interim Central Bank) အဖြစ် အာဏာအပ်နှင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်တွေအပြင် ပူးတွဲတာဝန်ထမ်းဆောင်ဖို့…

“ကျွန်တော်တို့ ပြည်နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးတွေက လက်တံရောက်နိုင်ဖို့ နေနေသာသာ သူ့ရဲ့နေရာတွေ မှာ လူထုတွေကို လူသားဒိုင်းသဖွယ် တားတာကလွဲလို့ အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်ဘူးဖြစ်ပါတယ်။ လူထုတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပါဝင်မှုတွေကြောင့်မို့ပဲ ကရင်နီပြည်မှာ စစ်ကောင်စီထိန်းချုပ်နိုင်စွမ်းမရှိတာ အဓိက ဖြစ်ပါတယ်”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ KNDF ထူထောင်တာ ၂ နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ KNDF ဟာ စတင်ဖွဲ့ စည်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်းအကြိမ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၀…

ကျိုက်ထိုမှာ လက်နက်ကြီးထိမှန်ပြီး မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်ထို၊ ဇွန်(၂) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာထဲကို စစ်ကောင်စီ အမြောက်တပ်ကနေ လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ မိသားစုဝင် ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်မ (၄၄)လက်အောက်ခံ အမှတ်(၆၀၂) အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ လှည်းလမ်းကူးလမ်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ…

မူးမြို့နယ်ကအရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

မူး၊ ဇွန်(၂) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မူးမြို့နယ် မရမ်းစိန်လေးကျေးရွာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ KNU ဗဟိုက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က လယ်ထဲသွားဖို့ ထွက်လာတဲ့ မရမ်းစိန်လေးရွာသား အသက် ၃၁ နှစ်အရွယ်…

စစ်အာဏာသိမ်း (၈၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၀၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂) AAPP ရဲ့ ဇွန်(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၅၁)ရက်အတွင်း ပြည်သူ (၃၆၀၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၈၉၄ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စွမ်းအင်ကဏ္ဍကနေ စစ်ကောင်စီ နိုင်ငံခြားငွေအများဆုံးရရှိနေ

ရန်ကုန်၊ ဇွန်(၂) တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက် စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးရရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အချက်အလက်အတွေအရ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာ နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄…

“ရုရှားအကူအညီမယ့် စစ်ကောင်စီရွေးကောက်ပွဲ အလားအလာ”

နေပြည်တော်၊ ဇွန်(၂) မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံရဲ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး သိမ်းယူထားတဲ့ စစ်ကောင်စီ ပြန်လည်ကျင်းပပေးမယ့် အထွေထွေရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကူညီပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေဖို့ ရုရှားနိုင်ငံအနေနဲ့ ကူညီပေးသွားမယ်လို့ ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မေ ၃၀ ရက်နေ့က တောင်ကြီးမြို့မှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။ ရုရှားဒူးမားလွှတ်တော်…

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရာထူးက ရပ်နားတော့မယ်

ဝါရှင်တန် – ဇွန်(၂) မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ (၁၈) လကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ အတိုက်အခံတွေသာမက စစ်ခေါင်းဆောင် ကိုယ်တိုင် ဝေဖန်ပြောဆိုခဲ့ပြီးနောက်မှာတော့ ရာထူးက နှုန်ထွက်တော့မှာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသား လူမှုဗေဒပညာရှင် မစ္စဟေဇာကို ၂၀၂၁ ခုနှစ်မှာ မစ္စတာ ဂူတာရက်စ်က ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ကျင်းပဖို့…

လက်နက်ကြီးကြောင့် လယ်သစ်ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

တနင်္သာရီ၊ ဇွန်(၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်တွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ တနင်္သာရီမြို့နယ် (ပကဖ)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁ ရက်နေ့ မနက်ပိုင်းကစပြီး တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနဲ့ ဆန်းသစ်ရွာတောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လယ်သစ်၊ ချောင်းဝနဲ့သောင်ဖြူကျေးရွာထဲကို…