June 2023

အဆိုတော်ဗျူဟာကိုဖမ်းတာ ဆေးဖြတ်ပေးဖို့လို့ စစ်ကောင်စီလော်ဘီတွေ လိမ်လည်ဝါဒဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “အဆိုတော် ဗျူဟာ ဆေးသုံး စွဲ၍ ဆေးဖြတ်ပေးရန် ဖမ်းဆီးရခြင်းဖြစ်တယ်”ဆိုတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ဖြန့်ချိနေတဲ့ အ ကြောင်းအရာကို…

စစ်အာဏာသိမ်း (၈၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၁၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၃) AAPP ရဲ့ ဇွန်(၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၅၂)ရက်အတွင်း ပြည်သူ (၃၆၁၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၉၄၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းဖို့ညွှန်ကြား

မော်လမြိုင်၊ ဇွန်(၃) မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းဖို့ စစ်ကောင်စီအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားလာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အရင်ကတခြားပြစ်မှုနဲ့ ပြစ်ဒဏ်ကျူးလွန်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံနေရတဲ့သူတွေကိုသာ အလုပ်ကြမ်းခိုင်းစေခဲ့ရာကနေ အခုအခါမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ အလုပ်ကြမ်းခိုင်းစေဖို့ ညွှန်ကြားလာတာပါ။ နှုတ်မိန့်နဲ့ညွှန်ကြားမှုမှာတော့ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့မည်သူမဆို နေ့စဉ် အလုပ်…

“စစ်ကိုင်းဖိုရမ်ကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာလဲ”

စစ်ကိုင်း၊ ဇွန်(၃) စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့အတူ ကြံ့ကြံ့ခံ ရင် ဆိုင်တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေ ၃၀ နဲ့ ၃၁ ရက်နေ့တို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၇၀ ကျော်နဲ့…

ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သားတွေပါ ထိခိုက်သေဆုံးတာတွေရှိနေ

ကြာအင်းဆိပ်ကြီး၊ ဇွန်(၃) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဇွန် ၂ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်း ထန်နေပြီး အရပ်သားတွေပါ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတချို့တွေကို အဲဒီနေ့ မနက်အစောပိုင်းကစပြီး KNLA တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန် ရေးတပ်ပေါင်းစုတွေက…

ဒုံသမိတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရဲမှူးအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ KNU ပြော

သထုံ၊ ဇွန်(၃) ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်နယ်စပ် ဒုံသမိတံတားရှိ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ဒုရဲမှူး အပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုံသမိတံတားရှိ ရဲနဲ့စစ်တပ်ပူးပေါင်း စစ်ဆေးရေးဂိတ် ၂ ခုကို ပြီးခဲ့တဲ့ ဇွန် ၁…

တီယန်မင်ပြတိုက်သစ်ကို နှစ်ပတ်လည်နေ့မတိုင်ခင် နယူးယောက်မှာ ဖွင့်လှစ်ခဲ့

နယူးယောက်၊ ဇွန်(၃) တီယန်မင်ရင်ပြင်တစ်ဝိုက်ရှိ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ဖြိုခွင်းခဲ့မှု (၃၄) နှစ် မြောက်နှစ်ပတ်လည်နေ့မတိုင်မီမှာ ပြတိုက်အသစ်ကို ဇွန်လ (၂) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြောင်း ပြပွဲစီစဉ်သူ တွေက ပြောပါတယ်။ ဟောင်ကောင်ရှိ အလားတူပြတိုက်တစ်ခုကို အာဏာပိုင်တွေရဲ့ အလားတူဖိအားပေးမှုအောက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပိတ်သိမ်းခဲ့ရတာပါ။ နယူးယောက်ရှိ ဇွန် (၄) ရက်နေ့အထိမ်းအမှတ်ပြတိုက်ကတော့…

မဏိပူရ် ပြည်နယ်ထိတွေ့တိုက်ပွဲတွေမှာ စစ်သွေးကြွ (၃၀) လောက်သေဆုံးတယ်လို့ ပြော

မဏိပူရ – ဇွန်(၃) အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်းထိတွေ့တိုက်ပွဲ တွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတစ်ခုမှာ မျိုးနွယ်စု စစ်သွေး ကြွ (၃၀) ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အဲဒီပြည်နယ်မှာ မကြာသေးခင်က တင်းမာမှုတွေမြင့်တက်လာပြီး နောက်ဆူပူမှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အနည်းဆုံးလူ (၆၀) လောက်သေဆုံးခဲ့ပြီး (၃၅၀၀၀) နီးပါး ရွှေ့ပြောင်းခဲ့ရတာပါ။…

ဟေတီ အကျဉ်းထောင်တွေက လူမဆန်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

ပေါ့တ်အော်ရ်ပရင့်စ် – ဇွန်(၃) ဟေတီရဲစခန်းတွေက လူပြည့်ကျပ်နေတဲ့ အကျဉ်းခန်းတွေမှာ အကျဉ်းသားတွေအပေါ် လူမဆန်မှု နဲ့ သိက္ခာ ကျဆင်းစေတဲ့ အခြေအနေမှာ အပြစ်ဒဏ်ကျခံနေရပြီး ရဲတပ်ဖွဲ့ ဟာ မလုံခြုံမှုနဲ့ လျော့ရဲနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြားက ယာယီအကျဉ်ထောင်တွေကို မှီခို နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ Port-au-Prince ရဲတပ်ဖွဲ့ ကော်မရှင်ရုံးမှာ အကျဉ်းသား (၉၂) ဦးကို…