June 2023

KUN ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲအကြိမ် ၂၀၀ အထိဖြစ်ပွားခဲ့

ဖာပွန်၊ ဇွန်(၄) စစ်ရေးတင်းမာနေတဲ့ KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၅)တို့အကြား တစ်လတာအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ အထိ ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်း…

မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့အပြုအမူကို နိုင်ငံအချို့က လျစ်လျူရှုနေတယ်လို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ ဇွန်(၄) မြောက်ကိုရီးယားရဲ့ ဥပဒေကြောင်းအရ မလျော်ကန်တဲ့ အပြုအမူတွေကို လျစ်လျူရှုနေခြင်းဟာ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားအစီအစဉ်တွေကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဇွန်(၃)ရက်နေ့က ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ရှုတ်ချဖို့ ကုလ လုံခြုံ ရေးကောင်စီသို့ အမေရိကန်က တောင်းဆိုထားချက်ကို တရုတ်နဲ့ ရုရှားတို့မှ ငြင်းဆန်ပယ်ချခဲ့တာပါ။ ဒါ့အပြင်…

တန်ပြန်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတ ကြေညာ

ကီးယက် – ဇွန်(၄) ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ကို စတင် လုပ်ဆောင်နေပြီး သူ့ရဲ့ ဗျူဟာကို ယုံကြည်မှုရှိတယ်လို့ သမ္မတ ဗလာဒီမာ ဇယ်လန်းစကီး က ပြောပါတယ်။ ယူကရိန်းဟာ နွေဦးရာသီစတည်းတက လက်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီး ချေမှုန်းရေး အစီအမံအသစ်တွေ ပြင်ဆင်တာနဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်မှုပြုလုပ်တာတွေ အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။…

အိန္ဒိယမှာ ရထားနှစ်စင်းတိုက်မှုဖြစ်ပြီး လူ(၂၀၀) ကျော်သေဆုံး

နယူးဒေလီ – ဇွန်(၄) အိန္ဒိယနိုင်ငံ အိုဒီရှာ ပြည်နယ်မှာ ရထားနှစ်စင်း တိုက်မိခဲ့ပြီး အနည်းဆုံးလူ (၂၃၃) ဦးသေဆုံးကာ (၉၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရာစုနှစ်တစ်ခုကျော်အတွင်း နိုင်ငံမှာ သေဆုံးမှု အများဆုံး ရထားမတော်တဆမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ ဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုကြောင့် သေဆုံးမှုတွေဟာ မျှော်မှန်းထား တာထက် ပိုမိုမြင့်တက်လာနေတယ်လို့လည်း ပြည်နယ်အကြီးအကဲက…

စစ်တပ်ဖမ်းဆီးသွားတဲ့ ဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင်ရဲ့ အသက်အန္တရာယ်စိုးရိမ်နေရ

ဆားလင်းကြီး – ဇွန်(၃) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့ကဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ဂျီကို ဝမ်ပေါင်မှာ ကင်းပုန်း ဝပ်နေတဲ့ စစ်ကောင်တပ်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီနေ့…

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ဆွေးနွေးပွဲပျက်

နေပြည်တော် – ဇွန်(၃) စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ပထမဆုံးအကြိမ်ဖြစ် ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့…

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမှာ အရပ်သားတစ်ဦးသေဆုံး

မိုးဗြဲ – ဇွန်(၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ရှမ်း-ကယားနယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတ အသင်းကပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၃) ရက်နေ့ မနက်(၆) နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီး (၅) လုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီလက်နက်ကြီးဟာ မိုးဗြဲမြို့လယ် ပွဲကုန်း(၂) ရပ်ကွက်မှာမှာ…

ဘီးလင်းမှာလက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဇွန်(၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအ ပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေး ရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ ဇွန် ၁ ရက်နေ့ ညပိုင်းမှာ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ရွှေရောင်ပြကျေးရွာထဲကို လက်နက်ကြီး ၂…