TLT Live ||- ၂၀၂၃ ခုနှစ် ဇွန်လ (၅) ရက် ည ၈ နာရီသတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/mz0OjLVNkkE
https://youtu.be/mz0OjLVNkkE
ရန်ကုန် – ဇွန်(၅) ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော်ကို ပစ်သတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်နေ့ မနက်(၃) နာရီခွဲမှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာရှိတဲ့ အဆောင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုဖိုးပြည့် ဆိုသူဟာ Mission ဆောင်ရွက်ပြီးနောက်…
၁။ အရင်ဆုံး ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲအခြေအနေလေး ပြောပြပေးပါဦး။ – ခလရရဲစခန်း၊ ၂၈၄နဲ့ ကြာအင်းဆိမ့်ကြီးရဲစခန်း ပြီးရင်ထွေအုပ်ရုံးနဲ့ နောက်တရားသူကြီးရုံးပေါ့။ ကျွန်တော်တို့ ပစ်မှတ်ထားဝင်ပြီး တိုက်ခိုက်ခဲ့တာပေါ့။ Drone အဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်တယ်။ စစ်ဆင်ရေးမစ်ရှင်ပေါ့။ ၄နာရီမှာ ကျွန်တော်တို့ Drone မစ်ရှင်ကို စတယ်။ အလင်းရောင်ရတဲ့အချိန် ပစ်မှတ်ကို သေချာမြင်ရတဲ့အချိန်မှာ ကျွန်တော်တို့ တပြိုင်နက် ထိုးစစ်ဆင်ပြီး တိုက်ခိုက်တယ်။…
https://youtu.be/oklZ5MoL-Co
ဆားလင်းကြီး – ဇွန်(၄) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို အင်အား(၁၀၀) ပါ စစ်ကောင်စီ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇွန်လ(၄) ရက်နေ့ မနက်ပိုင်းမှာ မုံရွာကကူးလာတဲ့ စစ်ကြောင်းဟာ ညောင်ပင်ကြီးဘက်ကို ရောက်ရှိလာတာပါ။ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ညောင်ပင်ကြီးအုပ်စုမှာ ရှိတဲ့ ကျေးရွာ (၆)…
တနင်္သာရီ၊ ဇွန်(၃) စစ်ရေးပဋိပက္ခတင်းမာနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အရပ်သားပြည်သူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ မြစ်ထဲလှေ မောင်းလာတဲ့ ကမ်းတိုရွာသား ကိုအောင်ကျော်နဲ့အဖော်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။…
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် အလင်းဝင်ရန်နဲ့ နစက အစိုးရကလည်း ပြောထားတဲ့စကားအတိုင်း လက်နက်နဲ့အတူ အလင်းဝင်လာတဲ့သူတွေကို ဆုငွေတွေတကယ်ချီးမြှင့်ပေးနေ၊အလင်းဝင်ပြီး မိသားစုနဲ့…
မော်လမြိုင်၊ ဇွန်(၄) မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အခုနှစ်အတွင်း လုပ်ငန်းလည်ပတ်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိလာတာကြောင့် နာလန်ထူစပြုလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်းခရီးသွားဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတာ ဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေနဲ့ သူဌေးတွေကို ဦးတည်တဲ့ ဇိမ်ခံဟိုတယ်တချို့ လက်ရှိအချိန်ထိ မဖွင့်လှစ်နိုင်သေးပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေကို ဦးတည်တဲ့ဟိုတယ်တွေကတော့ ၇၀…
ရန်ကုန်၊ ဇွန်(၄)ပြည်ပကနေ မြန်မာနိုင်ငံကိုတင်သွင်းမယ့် သွင်းကုန်တွေအတွက် ဘဏ်ငွေလွှဲပြောင်းစနစ်နဲ့သာ ငွေပေးချေဖို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြီးကြပ်ကော်မတီက ညွှန်ကြားလာတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ သွင်းကုန်သမားတွေအနေနဲ့ ပင်လယ်ရေကြောင်းကဖြစ်စေ၊ နယ်စပ်ကဖြစ်စေ ပြည်ပကနေတင်သွင်းမယ့် ကုန်ပစ္စည်းတွေအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာမှာ ပြည်တွင်းဘဏ်ကဖြစ်စေ၊ ပို့ကုန်ရငွေကဖြစ်စေ ဝယ်ယူကာ ဘဏ်ငွေလွှဲပြောင်းခြင်းစနစ်နဲ့သာ ပေးချေခွင့်ပြုဖို့ ညွှန်ကြားလာတာပါ။ ဘဏ်ငွေလွှဲပြောင်းတဲ့စနစ်နဲ့ ငွေပေးချေဖို့ ညွှန်ကြားတာကြောင့် နယ်စပ်ပို့ကုန်သမားတွေအနေနဲ့ ဒေါ်လာဝယ်ယူဖို့…
ကြာအင်းဆိပ်ကြီး၊ ဇွန်(၄) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သလို ရုံးအဆောက်အဦး တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်း၊ ခလရ(၂၈၄)တပ်ရင်းနဲ့ စစ်ကောင် စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊…