June 2023

ငလျင်ကြောင့် မအူပင်မြို့က သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

မော်လမြိုင် – ဇွန်(၇) ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မအူပင်မြို့နယ်က ရွှေဘုန်းမြင့်ဘုရားစိန်ဖူးတော်ပြတ်ကျခဲ့ပြီး ဘုရားဘေး မိုးကုပ်ရိပ်သာက မျက်နှာစာပြိုကျမှု ဖြစ်ပွား ခဲ့တဲ့အတွက် သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၅) မိုင်အကွာမှာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိတဲ့ အင်းအားအနည်းငယ်…

ကိုးကန့်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး

ကိုးကန့်၊ ဇွန်(၇) ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနဲ့ လားရှိုးတို့မှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်တပ်(MNDAA)တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကိုးကန့်မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကိုးကန့်လှုပ်ရှားဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း…

ရေးနဲ့သထုံမြို့နယ်မှာ မိုင်းထိပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

ရေး၊ ဇွန်(၇) မွန်ပြည်နယ်ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနဲ့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၆ ရက်နေ့ မနက် ၁၁ နာရီအချိန်က သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဒေသခံ ၂ ဦးဟာ ဆိုင်ကယ်စီးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်…

စစ်အာဏာသိမ်း (၈၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၂၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၇) AAPP ရဲ့ ဇွန်(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၅၆)ရက်အတွင်း ပြည်သူ (၃၆၂၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၂၇၅ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မှတ်ပုံတင်ချထားပေမယ့် နိုင်ငံရေးပါတီတွေ အသက်မဝင်

ရန်ကုန်၊ ဇွန်(၇) ရွေးကောက်ပွဲကျင်းပမယ့်ရက် မကြေညာနိုင်သေးတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ဆက်တိုက်ချပေးနေပေမယ့် နိုင်ငံရေးပါတီတွေ အသက်ဝင်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုလိုက် ပါတယ်။ စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဧပြီ ၂၀ ရက်ကစပြီး ဇွန်ပထမပတ်အထိ တစ်လကျော်အတွင်း နိုင်ငံရေးပါတီ ၂၂ ခုအထိ မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဇွန် ၅ ရက်နေ့က…

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကို KNLA ပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်

ကျောက်ကြီး၊ ဇွန်(၇) ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တပ်စခန်းတွေကို KNLA တပ်မဟာ(၃) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၆ ရက်နေ့ မနက်အစောပိုင်းမှာ တပြိုင် နက်ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီရဲ့ ဘုံသတောတပ်စခန်းနဲ့ နတ်သံကွင်းရဲစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက်…

သရက်ချောင်းမှာ စစ်ကြောင်းထိုးပြီးမီးရှို့နေလို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

သရက်ချောင်း၊ ဇွန်(၇) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာတွေထဲကို စစ်ကောင် စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ပြည်သူလူထု ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းဟာ ဇွန် ၆ ရက်နေ့ မနက်ပိုင်းကစပြီး ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုပြီး…

ကော့ကရိတ်မြို့နယ် ဆံဖလားရွာကို စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲ

ကော့ကရိတ်၊ ဇွန်(၇) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာအုပ်စု ဆံဖလား ကျေးရွာကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒူးပလာ ယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေ ဆံဖလားကျေးရွာထဲကို ဇွန် ၆ ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ လေယာဉ်နဲ့ လာရောက်ပြီး ကလပ်စတာဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့…