June 2023

တနင်္သာရီမှာ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

တနင်္သာရီ၊ ဇွန်(၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားတယ်လို့ တနင်္သာရီ (ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၄၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ဇွန် ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့…

စစ်အာဏာသိမ်း (၈၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၃၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၈) AAPP ရဲ့ ဇွန်(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၅၇)ရက်အတွင်း ပြည်သူ (၃၆၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၂၈၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

“စိုးရိမ်ဖွယ်ဖြစ်လာတဲ့ ဘက်မတူအင်အားစုနှစ်ခုရဲ့ အရပ်သားလုံခြုံရေး”

ရန်ကုန်၊ ဇွန်(၈) စစ်တပ်ထောက်ခံသူတွေနဲ့ တော်လှန်ရေးထောက်ခံသူတွေကြား ဘက်မတူတဲ့ရပ်တည်မှုဟာ အင် အားစုနှစ်ခုစလုံးမှာရှိတဲ့ အရပ်သားတွေရဲ့ လုံခြုံရေးအပေါ် ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) တည်ထောင်သူ ဦးတင့်လွင်သေနတ်နဲ့ပစ်သတ်ခံရပြီး ရက်ပိုင်းအတွင်း စစ်တပ်အားပေး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဆိုတော်လီလီနိုင်ကျော်လည်း မေ ၃၀ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။…

လေကြောင်းရန်ကြောင့် ကယားပြည်နယ်ထဲက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးနေရ

လွိုင်ကော်၊ ဇွန်(၈) စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက စာသင်းကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေ ကြောင်းရန်ကြောင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးနေရတယ်လို့ ကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကထက် စာ သင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အခက်ကြုံနေရတာပါ။ ကယားပြည်နယ်က အမျိုးသားစာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးတာတွေရှိလာ

မော်လမြိုင်၊ ဇွန်(၈) မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၀ ကျော်အထိရှိလာပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖြစ်ပွားသူမရှိသလောက် နည်းပါးခဲ့ရာကနေ မေလအတွင်း ကလေးငယ်ရာနဲ့ချီ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာပေါင်မြို့နယ်…

ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကော့ကရိတ်၊ ဇွန်(၈) ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာတန်းရှည်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံကလေး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ဇွန်လ(၇)ရက်နေ့ မနက်(၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ အခြေစိုက်စစ်ကောင်စီ လှိုင်ဝအမြောက် တပ်ကနေ ရွာတန်းရှည်ကျေးရွာအတွင်းသို့ လက်နက်ကြီး(၂)လုံး ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့…

မြောက်ကိုရီးယားလူငယ်အဖွဲ့ဟာ စစ်တပ်သို့ ဒုံးပစ်လောင်ချာများလှူဒါန်း

ပြုံယမ်း၊ ဇွန်(၈) အထီးကျန်နိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားက သူ့ရဲ့ပြည်ပခြိမ်းခြောက်မှုတွေ ကြီးထွားလာနေမှုကို ရင်ဆိုင် နေရချိန်မှာ မြောက်ကိုရီးယားရှိ လူငယ်အဖွဲ့တစ်ဖွဲ့ဟာ စစ်တပ်ထံဒုံးပစ်လောင်ချာတွေ လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ (၇) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ကိုရီးယားရဲ့ နိုင်ငံရေးဆိုင်ရာလူငယ်အဖွဲ့ (KCU)က အဲဒီစစ်လက်နက်ပစ္စည်းတွေ လှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ (၆) ရက်နေ့၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။…

ဒူတာတေးကို ဝေဖန်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူရဲ့ အယူခံပယ်ချခံရ

မနီလာ – ဇွန်(၈) ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ လေလာဒီလီမာကို မူးယစ်ဆေးဝါးမှု ပုဒ်မတွေနဲ့ တရားစွဲခံထားရတာတွေအတွက် အာမခံ လျှောက်ထားတာ ငြင်းပယ်ခံလိုက်ရတယ်လို့ သူမရဲ့ ရှေ့နေကပြောပါတယ်။ လွှတ်တော်အမတ်ဟောင်း ဒီလီမာဟာ မစ္စတာဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ပွဲအကြောင်း ကိုပထမဆုံး ဝေဖန်ပြောဆိုတဲ့ သူဖြစ်ပြီး သူမရဲ့ အသံတိတ်စေဖို့ လုပ်ကြံဖန်တီးစွဲချက်တွေနဲ့ (၆) နှစ်ကျော်ကြာဖမ်းဆီးခံထားရတာပါ။…

ရေကာတာ ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းတို့ ယူအန်မှာ အပြန်အလှန် ဝေဖန်နေ

နယူးယောက် – ဇွန်(၈) ယူကရိန်းနိုင်ငံက ရေကာတာပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး UN မှာ ယူကရိန်းနဲ့ ရုရှားတို့ အပြန် အလှန် လွှဲချနေကြပြီး ဘယ်သူ့ကို အပြစ်တင်ရမယ်ဆိုတာ မသေချာသေးပေမယ့် ယူကရိန်းက သူ့ပြည်သူတွေနဲ့ နယ်မြေကို ဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။ ဒီနီပရိုမြစ်ပေါ်က ဧရာမဆည်ကြီးတစ်ခု ကျိုးပေါက်ပြီးနောက် ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးရဲ့ တောင်းဆိုချက်အရ အဖွဲ့ဝင်(၁၅)…

(CDM ကျောင်းဆရာမ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်)

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ဖွင့်လှစ်နိုင်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ၆ သန်းကျော်အထိ ရှိလာပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်သန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင် အားစုတို့ကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယာပြည်နယ်က အများဆုံး ပါဝင်နေတာပါ။ ဒါကြောင့် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား…