နတ်သံကွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ပြော
ကျောက်ကြီး၊ ဇွန်(၉) KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ(၅) ခု စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇွန်(၈)ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ KNU မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံထားအရှေ့ကင်း၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိ တံတားအနောက်ကင်းနဲ့ ဘုံသတောတပ်စခန်းတွေကို…